ကြိုဆိုပါတယ် ..

အသွင်သစ် ဘလော့မှ နွေးထွေးလှိုက်လှဲစွာကြိုဆိုပါတယ် ..... ရွှင်လန်းချမ်းမြေ့ပါစေ ...

Wednesday, October 3, 2012

ကုန်သွယ်မှုတက်အောင်ဘယ်လိုလုပ်မလဲ ?


          











            ယခုကာလများ ကမ္ဘာ့နိုင်ငံအများစုတွင် စီးပွားရေးကျဆင်းနေသည်
အလားတူ မြန်မာနိုင်ငံတွင်လည်း ကုန်သွယ်မှု ပမာဏ လျော့ကျလာကြောင်း
ပြောဆိုသံများကြားနေရသည် ဘာကြောင့်ဖြစ်ရသည်ကို  လေ့လာဖော်ထုတ်
ရန်လိုသည်။
            မြန်မာ့ ပို့ကုန်များ   ဈေးကွက်ပျောက်သွားလို့လား ? 
            ပုံမှန်ထုတ်လုပ်   တင်ပို့ နိုင်ပါလျက်  ပေါက်ဈေး  နည်းပါးသွားခြင်း
ကြောင့်လား   ရာသီဥတု ဖောက်ပြန်မှု   အခြားအကြောင်း အရာများကြောင့်
ယခင်နှစ်လောက် မထွက်တော့တာလား?
            သေချာတာကတော့ အရောင်းအ၀ယ်ပါး ၀ယ်လိုအားနည်း ပြည်သူ
အများစု စီးပွားရေး  မချောင်လည်တာကတော့ လက်တွေ့အမှန်ဖြစ်သည်။
            စီးပွားရေးကောင်းမှ   ကုန်သွယ်ရေးကောင်းမှ   ၀င်ငွေ   တိုးပွားပြီး
ပြည်သူအများ  အဆင်ပြေချောမွေ့မည်ဖြစ်သည်။  ထို့ကြောင့်  ကုန်သွယ်မှု
တက်အောင် လုပ်ရန် မည်သူ့တွင် တာဝန်ရှိသလဲ ?
            အားလုံးနှင့်ဆိုင်သည်   အဓိက  တာဝန်အရှိဆုံးမှာ  ကုန်သွယ်မှုကို
ထိန်းကျောင်းပေးနေသောအစိုးရဌာနများနှင့်ပုဂ္ဂလိက ကဏ္ဍကိုထိန်းကျောင်း
ပေးနေသော ကုန်သည်ကြီး အသင်းတို့ဖြစ်သည်။ဤပု စ္ဆာအတွက် အဖြေမှန်
ရရှိရန် အထူးအရေးကြီးသည် အားလုံး၏ သဘောထားများကို အသွင်သစ်က
ဖိတ်ခေါ်လိုက်ပါသည်။ အပြုသဘောဖြင့် အကြံပေးစေလိုပါသည်။


တစ်ဆင့်ခံ ကုန်သွယ်မှုများ နည်းလမ်းတကျ ဖြစ်ရန်လို








ယခုအခါ မြန်မာနိုင်ငံကို ဖြတ်သန်း၍ အခြား အိမ်နီးနားချင်း နိုင်ငံများသို့
ကုန်ပစ္စည်းများတင်ပို့ခြင်း၊တင်သွင်းခြင်းများ များပြားလာရာ တစ်ဆင့်ခံ
ကုန်သွယ်မှုစနစ်သည် မြန်မာနိုင်ငံအတွင်း စားသုံးရန်၊သုံးစွဲရန်မဟုတ်ဘဲ
တတိယနိုင်ငံသို့ ဆက်လက်  တင်ပို့ခြင်းဖြစ်သဖြင့်  နယ်စပ်ဂိတ်ပေါက်
များတွင်  နှစ်နိုင်ငံ  အကောက်ခွန် ဌာနများက  စနစ်တကျ  စစ်ဆေးပြီး
၎င်းကုန်ပစ္စည်းများကို မြန်မာနိုင်ငံသား သယ်ယူပို့ဆောင်ရေး လုပ်ကိုင်
ခွင့်ရှိသည့် ကုမ္ပဏီများကသယ်ဆောင်ပေးခြင်း ဖြစ်ပါသည်။ သို့ရာတွင်
ထိုကဲ့သို့ ဆောင်ရွက်ရာ၌ တင်ပို့သည့်  နိုင်ငံနှင့် တင်သွင်းသည့် နိုင်ငံ
တို့၏ လိုအပ်သော အထောက်အထား    စာရွက်စာတမ်းများ  ပြည်စုံရ
မည်ဖြစ်ပြီး  နည်းလမ်းတကျ  ထိုနိုင်ငံများမှ   တင်ပို့  တင်သွင်းခွင့်များ
အမှန်တကယ်    ရရှိထားရန်   လိုအပ်ပါသည်။    မြန်မာ ကုန်သည်များ
အနေဖြင့်  တဆင့်ခံ   ကုန်သွယ်မှုဟု   အမည်တပ်ပြီး  မိမိကိုယ်တိုင်က
ဝယ်ယူခြင်း၊   ရောင်းချခြင်းများ  ပြုလုပ်နေကြကြောင်း   တစ်ဖက်နိုင်ငံ
များ၏  စာရွက်  စာတမ်းများမှာ  မှန်ကန်မှု  မရှိကြောင်း  ကြားသိနေရ
သဖြင့်  တင်ပို့ တင်သွင်းသော   ကုန်ပစ္စည်းများ၏  အရည်အသွေးနှင့်
ပတ်သက်၍ ပြဿနာဖြစ်ပွားလာခဲ့ပါက ဖြေရှင်းရခက်ခဲမည်ဖြစ်သဖြင့်
စည်းမျဉ်း စည်းကမ်းနှင့်အညီ ဆောင်ရွက်သင့်ကြောင်း ကုန်သွယ်ရေး
ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားပါသည်။


မြန်မာ - ထိုင်း ကုန်သွယ်ရေး ပူးတွဲကော်မရှင် အစည်းအဝေး ကျင်းပရန်ရှိ











မြန်မာနှင့်   ထိုင်း  ကုန်သွယ်ရေးပူးတွဲ   ကော်မရှင်   အစည်းအဝေးကို
၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌
ကျင်းပမည်ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ ထိုင်းစီးပွားရေးသံမှူးကပြောကြား
ပါသည်။၎င်းအစည်းအဝေးတွင်ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံ၏ရင်းနှီးမြှပ်နှံမှု
ဥပဒေသစ်အရ  ထိုင်း  စီးပွားရေးလုပ်ငန်းရှင်များ  ရင်းနှီးမြှုပ်နှံမှု အခွင့်
ကောင်းများ ရယူနိုင်ရေးအတွက်  ဆွေးနွေးမည်ဖြစ်ကြောင်းနှင့် မြန်မာ
နှင့်ထိုင်းအကြားနယ်စပ်ကုန်သွယ်ရေးကိစ္စရပ်များ၊  ပုံမှန်ကုန်သွယ်ရေး
ကိစ္စရပ်များ    ထိုင်းနိုင်ငံတွင်  လာရောက်    အလုပ်လုပ်ကိုင်နေသော
မြန်မာ အလုပ်သမားများ၏  ကိစ္စရပ်များကို  ဆွေးနွေးမည်ဖြစ်ကြောင်း
မြန်မာ ဘက်မှလည်း    နယ်စပ်ကုန်သွယ်ရေးဆိုင်ရာ   ကိစ္စရပ်များကို
ဆွေးနွေးရန်  အစီအစဉ် ရှိသည်ဟု   သိရကြောင်း  ပြောကြားပါသည်။
ထို့ကြောင့် မြန်မာ - ထိုင်းကုန်သွယ်မှုတိုးတက်ရေးအတွက် ဆွေးနွေး
ကြဖွယ်ရှိကြောင်း သတင်းရရှိပါသည်။

Tuesday, October 2, 2012

အမေရိကန်ကို မြန်မာ့ ပို့ကုန်တွေ တကယ်ရောင်းလို့ရပြီလား ?











သမ္မတကြီး၏ ခရီးစဉ်တွင် အမေရိကန်က မြန်မာ့  ပို့ကုန်များအပေါ်
တင်သွင်းခွင့်  ပိတ်ဆို့  ထားမှုအား  ဖယ်ရှား  လိုက်ပြီဖြစ်ရာ မြန်မာ
လုပ်ငန်းရှင်များဝမ်းမြောက်လျက်ရှိပါသည်။အမှန်တကယ်တင်ပို့ခွင့်
ရရှိရန်လိုအပ်သည့်အပြင်  မြန်မာကဲ့သို့ အခြားသော ဖွံ့ဖြိုးမှုနှိမ့်ကျ
သည့် နိုင်ငံများကိုအမေရိကန်ကပေးသောသက်သာခွင့်အခွင့်အရေး
များလည်း  ရရန်လိုအပ်မည်  ဖြစ်ပါသည်။   ၄င်းအခွင့်အရေးများကို
မြန်မာက အလျင်အမြန်တောင်းဆိုရန် လိုအပ်လျက်ရှိပြီး၊ တောင်းဆို
မှုများကို အစိုးရချင်း ညှိနှိုင်းပေးရမည်ဖြစ်သဖြင့်  မည်သည့်  ၀န်ကြီး
ဌာနက ဆောင်ရွက်မည်ဖြစ်ကြောင်း၊ လုပ်ငန်းရှင်များက သိလိုလျက်
ရှိကြပါသည်။  ကုန်သွယ်ရေးကိစ္စ   ဖြစ်သဖြင့်  ကုန်သွယ်ရေးဝန်ကြီး
ဌာနက လုပ်မှာလား? နှစ်နိုင်ငံစေ့စပ်ညှိနှိုင်းခြင်း ဖြစ်သဖြင့်နိုင်ငံခြား
ရေးကလုပ်မှာလား၊စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်ဖြစ်သဖြင့် စီးပွားရေး
ဖွံ့ဖြိုးတိုးတက်မှုဌာနက လုပ်မှာလား ဘယ်သူလုပ်လုပ်  လုပ်ငန်းရှင်
များက ကြိုဆိုပါသည် အမေရိကန်သို့ မြန်မြန်နှင့် များများတင်ပို့ခွင့်
ရရေး ဌာနတစ်ခုခုကတော့ မလွှဲမသွေလုပ်သင့်ကြောင်း လုပ်ငန်းရှင်
များနဲ့ ပြည်သူ လူထုက လိုလား နေကြသည်။

မြန်မာ့ ပို့ကုန် သွင်းကုန် ဥပဒေ


လွှတ်တော်မှအတည်ပြုလိုက်သော မြန်မာ့ပို့ကုန်သွင်းကုန်ဥပဒေတွင်
ပါဝင်သော   အချက်များမှာ  ယေဘုယျ ခြုံငုံ  ဖော်ပြချက်သာ  ဖြစ်ပြီး
နည်းဥပဒေနှင့်  လုပ်ထုံးလုပ်နည်းများ၊  အမိန့်နှင့် ညွှန်ကြားချက်များ
ထပ်မံ ထုတ်ပြန်ရန်  သက်ဆိုင်သည့်  ၀န်ကြီးဌာနက  ဆောင်ရွက်နေ
ကြောင်း  သိရှိရသည်။  အဆိုပါ  ဥပဒေအရ  လိုင်စင်ရယူ  တင်သွင်း
ရမည့် ကုန်ပစ္စည်းများကို လိုင်စင်မယူဘဲတင်သွင်းခဲ့ပါက ထောင်ဒဏ်
(၃)နှစ်အထိ ချက်မှတ်နိုင်ကြောင်းသိရသဖြင့် နောင်တွင်ဤဥပဒေဖြင့်
မမှန်  မကန်  စီးပွားရေး  လုပ်ကိုင်သူများကို   ဒဏ်ခက်နိုင်တော့မည်
ဖြစ်ကြောင်း သိရှိရသည်။

မြန်မာ့ ပို့ကုန်တွေ ဈေးကွက် ရအောင် ဘယ်သူလုပ်ပေးမလဲ?




















ကမ္ဘာ့စီးပွားရေး မကောင်းတဲ့အတွက် မြန်မာပြည်မှာလည်း
စီးပွားရေး ကျလာတယ်။စားသောက်ဆိုင်တွေ အပျော်အပါး
နေရာတွေမှာ   လူအ၀င်နည်းပြီး  ငွေရှာရ  ခက်လာတယ်။
နိုင်ငံခြားကိုကုန်ပစ္စည်းတင်ပို့နေသူတွေလည်းကုန်အမှာစာ
လျော့ကျတာကတစ်မျိုး၊  ဈေးကွက်ပျောက်တာက  တစ်မျိုး၊
အခက်အခဲမျိုးစုံ တွေ့နေရတယ်။ မြန်မာ့ ပို့ကုန်တွေ အာမ
ခံချက်ရှိတဲ့ ဈေးကွက်တွေ ရရှိဖို့ ဘယ်သူကများ   လုပ်ပေး
နိုင်မှာလဲ၊  လုပ်ပေးမဲ့သူရှိရင်  တစ်စိတ်လောက်   လက်တို့
ပြောပေးစမ်းပါ ဗျာလို့    ကုန်သည်တွေ    ညည်းနေကြပြီ၊
ဘယ်သူဖြေရှင်းပေးမလဲ၊

မှောင်ခိုကုန်သွယ်သူများ သတိထားဖို့ လိုပြီ











မြန်မာ - တရုတ်နဲ့  မြန်မာ - ထိုင်း နယ်စပ်ကုန်သွယ်ရေးတွေမှာတရားမ၀င်
မှောင်ခိုသယ်ဆောင်မှုတွေ အလွန်များပြားနေကြောင်း  တရားဝင်  လိုင်စင်
ယူပြီး တင်သွင်းခြင်း၊  တင်ပို့ခြင်း၊  မလုပ်ကြတော့ဘဲ  လွတ်လွတ်လပ်လပ်
ပျော်ပျော်ကြီး ဗြောင်ဆွဲ နေကြကြောင်း သတင်းတွေ နားမဆံအောင်ကြား
ရပြီးနောက် အခုတော့ အကြီးအကဲတွေရဲ့ခွင့်ပြုမှုနဲ့ ကုန်သွယ်ရေးဝန်ကြီး
ဌာနက  ဦးဆောင်ပြီး  ရှာဖွေဖမ်းဆီးရေးအဖွဲ့နဲ့  မှောင်ခိုတားဆီးရေးကို
ဆောင်ရွက်တော့မယ်လို့ကြားသိရပါတယ်။တကယ်ဘဲတားနိုင်မှာလား ?
အရင်လို စားအုံးမှာလား ? စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Monday, September 24, 2012

အာရှကျားနိုင်ငံများကဲ့သို့ မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်နိုင်မည်လော

မြန်မာနိုင်ငံအတွင်း နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်လျက်ရှိပြီး  အဆိုပါ ပြုပြင်ပြောင်းလဲမှုများကြောင့် အနာဂတ် မြန်မာ့စီးပွားရေးမှာ ကမ္ဘာ့နိုင်ငံများက အံ့သြခဲ့ရသော အာရှကျား နိုင်ငံများကဲ့သို့ စီးပွားရေး ဖွံ့ဖြိုးတိုးတက် လာနိုင်ခြင်း ရှိ၊ မရှိကို ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော် အခြေစိုက် ကမ္ဘာ့စီးပွားရေးရာ လေ့လာ သုံးသပ်ရေးအဖွဲ့ Business Monitor International က သုံးသပ်ရေးသား ဖော်ပြသည်။

ပြီးခဲ့သော ဆယ်စုနှစ်များအတွင်း အာရှဒေသရှိ နိုင်ငံများသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများ၏ စိတ်ဝင်တစား စောင့်ကြည့်မှုများနှင့် ကြုံတွေ့ခဲ့ရသော်လည်း အဆိုပါ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဖြစ်စဉ်၌ မြန်မာနိုင်ငံ ပါဝင်ခြင်း မရှိခဲ့ပေ။ အဆိုပါ ကာလအတွင်း မြန်မာနိုင်ငံ၏ အိမ်နီးချင်း အာရှနိုင်ငံများဖြစ်သော ထိုင်း၊ မလေးရှား၊ စင်ကာပူနှင့် ဗီယက်နမ် နိုင်ငံတို့သည် အာရှဒေသ၏ စီးပွားရေး ကျားနိုင်ငံများ ဖြစ်လာပြီး စီးပွားရေး တိုးတက်မှုနှင့်အတူ လူနေမှု အဆင့်အတန်း တိုးတက်မှု၊ ပညာရေး အဆင့်အတန်း တိုးတက်မှု စသည့် အကျိုးကျေးဇူးများ ရရှိခံစားရလျက် ရှိသည်။

အဆိုပါ ကာလအတွင်း မြန်မာ့စီးပွားရေး ဖွံ့ဖြိုးရေးတိုးတက်မှု မရှိဘဲ ခေတ်နောက်ကျ ကျန်ခဲ့ခြင်းမှာ နိုင်ငံတကာ အသိုင်းအဝိုင်းက ဝိုင်းပယ်ထားမှု၊ စီးပွားရေးရာအရ တသီးတခြား ရပ်တည်နေမှု၊ မှားယွင်းသော စီးပွားရေးရာ စီမံခန့်ခွဲမှုများကို ကာလရှည်ကြာ ပြုလုပ်ခဲ့မှု စသည့် အဓိကအချက်များကြောင့် ဖြစ်သည်။ သို့သော်လည်း မကြာသေးမီ အချိန်မှ စတင်၍ ပြုလုပ်လျက်ရှိသော မြန်မာနိုင်ငံအတွင်း နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ၊ ကမ္ဘာ့စီးပွားရေး အင်အားကြီး အမေရိကန် ပြည်ထောင်စုနှင့် မြန်မာနိုင်ငံ နှစ်နိုင်ငံကြား နိုင်ငံရေး၊ စီးပွားရေးရာအရ ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်ရန် စတင်ဆွေးနွေး လုပ်ဆောင်မှုများ စသည့် အချက်များကြောင့် မြန်မာ့စီးပွားရေး အခြေအနေနှင့် ပတ်သက်၍ အနာဂတ် အလားအလာကောင်းများ ပေါ်ထွန်းလျက်ရှိသည်။

မကြာမီကာလအတွင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်သည် မြန်မာနိုင်ငံသို့ သွားရောက်၍ နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်ရေး ကိစ္စများ ဆွေးနွေးခဲ့သည်။  ဟီလာရီကလင်တန်၏ သမိုင်းဝင်ခရီးစဉ်သည် မြန်မာ့စီးပွားရေး ပြန်လည် တည်ဆောက်နိုင်ရေး ခရီးရှည်ကြီးတွင် ပထမဆုံး ခြေလှမ်းသာဖြစ်ပြီး ဆက်လက် လုပ်ဆောင်စရာများစွာ ကျန်ရှိနေသေးသည်။ အကယ်၍ မြန်မာနိုင်ငံ၏ စီးပွားရေး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် အောင်မြင်သွားပါက ၁၀ နှစ်အတွင်း ဗီယက်နမ် နိုင်ငံကဲ့သို့ ဖွံ့ဖြိုးတိုးတက် လာနိုင်မည် ဖြစ်သည်။

လူဦးရေ သန်း ၆၀ ကျော်ရှိခြင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပမာဏ များစွာရှိခြင်း၊ လယ်ယာလုပ်ငန်း၊ တန်ဖိုးနည်း ကုန်ထုတ်လုပ်ငန်းနှင့် ခရီးသွားလုပ်ငန်း နယ်ပယ်များတွင် ဖွံ့ဖြိုးတိုးတက်နိုင်သော အလားအလာ များစွာရှိခြင်းတို့ကြောင့် Business Monitor International က မြန်မာနိုင်ငံကို ဒုတိယမြောက် ထိုင်းနိုင်ငံ ဖြစ်နိုင်ကြောင်း ၂၀၀၇ ကတည်းက ခန့်မှန်း ရေးသားခဲ့သည်။

မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတတ်ရေးတွင် ယင်းကဲ့သို့သော အလားအလာကောင်းများ ရှိသော်လည်း အခြားသော အခက်အခဲများလည်း ရှိနေသေးသည်။ တရားဝင် ငွေလဲလှယ်နှုန်း (၁ ဒေါ်လာ=၆ ကျပ်) နှင့် လက်ရှိ ဈေးကွက်ပေါက်ဈေး (၁ ဒေါ်လာ=၇၇၆ ကျပ်) ကြား ကွာဟချက် ကြီးမားစွာ ဖြစ်ပေါ်လျက်ရှိခြင်းမှာ လက်ရှိ မြန်မာနိုင်ငံ၏ စီးပွားရေးတွင် အဓိက အခက်အခဲ တစ်ခုဖြစ်သည်။ ငွေလဲလှယ်နှုန်း တည်ငြိမ်စေရေး အတွက် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့က မြန်မာအစိုးရကို ကူညီ ဆောင်ရွက်ပေးလျက် ရှိသော်လည်း အဆိုပါကိစ္စ လက်တွေ့ ဖြစ်လာစေရန်မှာ အချိန်များစွာ ယူရဦးမည်ဖြစ်သည်။

မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးတွင် အမေရိကနှင့် ဥရောပနိုင်ငံများမှ စီးပွားရေး ပိတ်ဆို့အရေးယူမှုများကို ရုပ်သိမ်းပေးရန်နှင့် မြန်မာနိုင်ငံအတွင်း နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို ဆက်လက် လုပ်ဆောင်သွားရေးတို့မှာ အဓိက အရေးပါလျက်ရှိသည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်၏ သမိုင်းဝင် မြန်မာနိုင်ငံ ခရီးစဉ်သည် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းစတစ်ခု ဖြစ်နိုင်သော်လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မယ်ဒလင်းအောဘရိုက်၏ ၂၀၀၀ ပြည့်နှစ် မြောက်ကိုရီးယား ခရီးစဉ်ကို သင်ခန်းစာယူရန် လိုအပ်သည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မယ်ဒလင်းအောဘရိုက်၏ မြောက်ကိုရီးယား ခရီးစဉ် ပြီးဆုံးသွားသည်မှာ ဆယ်စုနှစ်တစ်ခု ကျော်သွားပြီ ဖြစ်သော်လည်း မည်သည့်ရလဒ်မှ ရေရေရာရာ ထွက်ပေါ်လာခြင်း မရှိသေးပေ။

သို့သော်လည်း မြန်မာအစိုးရ အနေနှင့် နိုင်ငံအတွင်း ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရန် လိုအပ်လျက်ရှိကြောင်း နားလည် သိရှိလျက် ရှိသည်ဟု Business Monitor International အနေနှင့် ထင်မြင်ယူဆလျက် ရှိသည်။ ထို့အပြင် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံအပေါ် အလွန်အမင်း မှီခိုအားထား နေရမူကို လျှော့ချလိုလျက်ရှိပြီး အမေရိကန် ပြည်ထောင်စုကလည်း မဟာဗျူဟာအရ အရေးပါလျက်ရှိသော မြန်မာနိုင်ငံကို အာရှဒေသအတွင်း အင်အားကြီးမားလာလျက် ရှိသော တရုတ်နိုင်ငံအပေါ် အင်အား ပြန်လည် ချိန်ညှိနိုင်ရန်အတွက် အလိုရှိလျက် ရှိသည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ အောင်မြင်စေရန် အလားအလာကောင်းများ ပေါ်ထွန်းလျက် ရှိသည်။

၂၀၀၇ ခုနစ်မှ စတင်၍ Business Monitor International သည် BLANK ဟူသော စကားလုံးကို မြန်မာ၊ လာအို၊ အာဖဂန်နှင့် မြောက်ကိုရီးယားနိုင်ငံတို့ကို ရည်ညွှန်းနိုင်ရန် စတင် သုံးစွဲခဲ့သည်။ အဆိုပါ နိုင်ငံများအနေဖြင့် နိုင်ငံရေးရာ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နိုင်ပါက စီးပွားရေးရာအရ တိုးတက်နိုင်သော အလားအလာ များစွာရှိကြောင်း Business Monitor International က ခန့်မှန်းရေးသား ဖော်ပြပေးခဲ့သည်။ လာအိုနိုင်ငံ အနေနှင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ပြီး စီးပွားရေး တိုးတက်မှုများ ရရှိလျက် ရှိသော်လည်း BLANK နိုင်ငံများတွင် လူဦးရေသန်း ၆၀ ကျော်ရှိသော မြန်မာနိုင်ငံသည်သာ အာရှကျား နိုင်ငံများကဲ့သို့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် အလားအလာ အကောင်းဆုံးဖြစ်သည်။

စီးပွားရေး မဟာဗျုဟာနှင့် နယ်မြေ အေးချမ်းရေး ပြဿနာ

voice Journal မှာတွေ့တာလေး သဘောကျလို့ တင်လိုက်ပါတယ်