ကြိုဆိုပါတယ် ..
အသွင်သစ် ဘလော့မှ နွေးထွေးလှိုက်လှဲစွာကြိုဆိုပါတယ် ..... ရွှင်လန်းချမ်းမြေ့ပါစေ ...
Showing posts with label ကုန်သွယ်မှုမြှင့်တင်ရေး. Show all posts
Showing posts with label ကုန်သွယ်မှုမြှင့်တင်ရေး. Show all posts
Tuesday, August 28, 2012
WTO နှင့် မြန်မာ
၂၀၁၂ခုနှစ်၊သြဂုတ်လအတွင်း ရုရှားနိုင်ငံ၊ WTOအဖွဲ့ဝင်ဖြစ်သွားခဲ့ခြင်း
ကြောင့် ဗီယက်နမ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံနှင့် အာရှနိုင်ငံ အချို့တို့က ရုရှားနှင့်ကုန်သွယ်မှုလုပ်ငန်းပိုမိုပွင့်လန်းလာမည်ဖြစ်ပြီး ကုန်သွယ်မှုဆိုင်ရာ
အကျိုးအပြစ်များကို သုံးသပ်ချက်များထုတ်ပြန်ခဲ့ကြပါသည်။မြန်မာနိုင်ငံ
သည်   WTO   အဖွဲ့ဝင်  နိုင်ငံဖြစ်ပြီး  ရုရှား  နှင့်လည်း   ဆက်ဆံရေး
ကောင်းမွန်သောနိုင်ငံဖြစ်ရာ ရုရှား - မြန်မာ ကုန်သွယ်မှုအပေါ် အကျိုး
ဖြစ်ထွန်းနိုင်ခြင်း ရှိ/ မရှိနှင့်  WTO  ကြောင့်  မြန်မာနိုင်ငံအနေဖြင့်  
မည်သည့်   အကျိုးခံစားမှုများ ကုန်သွယ်မှုတွင်ရရှိနေသည်ကို  သိလို
ကြကြာင်း  ကုန်သည်များ အသိုင်း အ၀ို်င်းတွင် ဆွေးနွေးပြောဆိုနေကြောင်း 
သိရှိရပါသည်။
Friday, August 24, 2012
ဧည့်နိုင်ငံသားများ ကား တင်သွင်းခွင့် မရှိဘူးလား?
စီးပွားကူးသန်းဝန်ကြီးဌာနတွင် လိုင်စင်လျှောက်ထားရာ၌ ဧည့်နိုင်ငံသားများကို လျှောက်ထားခွင့် မပြုခြင်းကြောင့် ဧည့်နိုင်ငံသားသည် နိုင်ငံသားကဲ့သို့ အခွင့်အရေး တန်းတူ 
မရဟူသော ယူဆချက် ဖြစ်ပေါ်လာပါသည်။ 
တည်ဆဲဥပဒေများအရ ဧည့်နိုင်ငံသားသည်
နိုင်ငံသားကဲ့သို့ အခွင့်အရေး ရနိုင်သည်ဟူသော အသံ
များလည်း ထွက်ပေါ်လျှက်ရှိရာ အနာဂတ်တွင် ဧည့်နိုင်ငံသားများ ကားတင်သွင်းခွင့် ရ၊ မရ ကားပွဲစားများနှင့် ကား show room ပိုင်ရှင်များကစိတ်ဝင်စားစွာ စောင့်ကြည့်လျှက်ရှိကြောင်း
တွေ့ ရှိရပါသည်။
Wednesday, August 22, 2012
(၉)ကြိမ်မြောက် တရုတ် - အာဆီယံ ကုန်စည်ပြပွဲသို့ မြန်မာလုပ်ငန်းရှင်များ စင်းလုံးငှား လေယာဉ် (၂)စီးဖြင့်သွားမည်
စက်တင်ဘာလ အတွင်း တရုတ်နိုင်ငံ ၊ ကွမ်ရှီးပြည်နယ် နန်နင်းမြို့၌ ကျင်းပမည့် (၉)ကြိမ်မြောက် တရုတ် - အာဆီယံ ကုန်စည်ပြပွဲတွင် ယခုနှစ်သည် အာဆီယံ နိုင်ငံများကိုယ်စား ဂုဏ်ထူးဆောင်နိုင်ငံ
အဖြစ် မြန်မာနိုင်ငံက ပါဝင် ပြသမည် ဖြစ်ခြင်းကြောင့်  ပြခန်းများ  ခန်းခန်းနားနား ဝေေ၀ဆာဆာ ခင်းကျင်းပြသရန် စီစဉ်ထားကြောင်း သိရှိရပြီး၊ UMFCCI ၏ အစီအစဉ်ဖြင့် စည်းရုံးခဲ့ရာသွားရောက်လိုသူ
 မြန်မာ့ စီးပွားရေးလုပ်ငန်းရှင်များနှင့် လေ့လာလိုသူများ အထူးများ
သောကြောင့်    တရုတ်နိုင်ငံမှ  အထူးလေယာဉ်   တစ်စီးနှင့်  မြန်မာ့လေကြောင်းမှ  အထူးလေယာဉ်
တစ်စီး စုစုပေါင်း လေယာဉ် (၂)စီးကို စင်းလုံးငှားကာ သွားရောက်ကြမည်ဖြစ်ကြောင်း UMFCCI မှ သိရှိရပါသည်။
Sunday, August 19, 2012
အာရှ ကုန်သွယ်မှု မြှင့်တင်ရေး ဖိုရမ်သို့ မြန်မာနိုင်ငံမှ အဖွဲ့ဝင်နိုင်ငံအဖြစ် ၀င်ရောက်
အာရှ ဒေသရှိ နိုင်ငံများ၏
ကုန်သွယ်မှု မြှင့်တင်ရေး လုပ်ငန်းစဉ်များနှင့် ကုန်သွယ်မှုဆိုင်ရာ
လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ပူးပေါင်းညှိနှိုင်း စီစဉ်
ဆောင်ရွက်ပေးလျှက်ရှိသည့် အာရှ ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်
Asia Trade Promotion Forum (ATPF) သို့ အဖွဲ့ဝင်နိုင်ငံအဖြစ်ဝင်ရောက်ရန်
မြန်မာနိုင်ငံက ဆုံးဖြတ်လိုက်ကြောင်းနှင့် အနာဂတ်တွင်
ပူးပေါင်းဆောင်ရွက်မှုများ အပြည့်အ၀ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရပါသည်။
အဆိုပါ ဖိုရမ်တွင် အာရှတိုက်၏
အဓိက စီးပွားရေး အင်အားကြီးနိုင်ငံများဖြစ်သော
တရုတ် ၊ ဂျပန်၊ ကိုရီးယား၊ အိန္ဒိယ နိုင်ငံများနှင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများ
အပါ အ၀င် အာရှတိုက်မှ နိုင်ငံများ ပါဝင်ကြောင်း သိရှိရပြီး
ဂျပန်နိုင်ငံ JETRO အဖွဲ့အစည်းကြီးက ဦးဆောင်လျှက်ရှိကြောင်း
 ATPF သို့ ၀င်ရောက်လိုက်ခြင်းဖြင့် မြန်မာနိုင်ငံ၏ အနာဂတ် ကုန်သွယ်မှု လုပ်ငန်းများ အပေါ်
များစွာ အကျိုးရှိစေမည်ဖြစ်ကြောင်း နိုင်ငံတကာမှ သုံးသပ်ခဲ့ကြပါသည်။
ATPF သို့ ၀င်ရောက်ရေး မြန်မာနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့်
JETRO တို့ အပြန်အလှန် ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး မြန်မာ နိုင်ငံက ၂၀၁၂ ခုနှစ်၊ သြဂုတ်လတွင်
ဝင်ရောက်ရန် သဘောတူညီသည်ဟု ပြန်ကြားခဲ့ကြောင်း
ရန်ကုန် JETRO ရုံးမှ သိရှိရပါသည်။
မြန်မာ့ ပို့ကုန်များ ဥရောပ ဈေးကွက်သို့ ဈေးကွက် ထိုးဖောက်တင်ပို့နိုင်ရေး ကုန်သွယ်ရေးဝန်ကြီး ဥရောပသို့ သွားရန်ရှိ
 မြန်မာနိုင်ငံမှ ပို့ကုန်များကို ဥရောပသမ္မဂက စီးပွားရေးပိတ်ဆို့ထားမှုကိုဆိုင်းငံ့ပေးပြီးနောက် မြန်မာနိုင်ငံမှ  ဥရောပနိုင်ငံများသို့ 
အဓိကတင်ပို့နေသောထွက်ကုန်ပစ္စည်းများဖြစ်သည့် ရေထွက်ကုန်များ၊အ၀တ်အထည်
များနှင့်ပရိဘောဂများ ပြန်လည်တင်ပို့ရောင်းချနိုင်ရေးအတွက်  ဥရောပမှ  မြန်မာနိုင်ငံအပေါ် GSPအခွင့်အရေး ပြန်လည်ပေးအပ်ရန်အရေးတစ်ကြီးလိုအပ်လျှက် ရှိကြောင်း မြန်မာ့စီးပွားရေး
လုပ်ငန်းရှင်များက လိုလားလျှက်ရှိပါသည်။
ထိုသို့ အခွင့်အရေးတောင်းခံရန်ကိစ္စမှာ  အစိုးရချင်း ညှိနှိုင်းပေါင်းစပ်ရမည်ဖြစ်ခြင်းကြောင့်
သက်ဆိုင်သည့်ဝန်ကြီးဌာနများမှဆာင်ရွက်ပေးရန်သင့်ကြောင်းဆွေးနွေးပြောဆိုမှုများ
 ဖြစ်ပေါ်လျှက်ရှိပါသည်။
 နှစ်ဖက်ကုန်သွယ်မှုမြှင့်တင်နိုင်ရေးအတွက်  ကုန်သွယ်ရေးဝန်ကြီးကို  ဘရပ်ဆဲ(လ်)သို့  လာရောက်ရန်ဖိတ်ကြားခဲ့ကြောင်းနှင့်မကြာမီသွားရောက်ရန်ရှိကြောင်းသိရှိရပါသည်။
ထိုခရီးစဉ်မှ မြန်မာ့ ပို့ကုန်များ  တိုးချဲ့တင်ပို့နိုင်ရေး အလားအလာကောင်းများ ရရှိမည်ဟု
 မျှော်လင့်ရပါသည်။