စက်တင်ဘာလ အတွင်း တရုတ်နိုင်ငံ ၊ ကွမ်ရှီးပြည်နယ် နန်နင်းမြို့၌ ကျင်းပမည့် (၉)ကြိမ်မြောက် တရုတ် - အာဆီယံ ကုန်စည်ပြပွဲတွင် ယခုနှစ်သည် အာဆီယံ နိုင်ငံများကိုယ်စား ဂုဏ်ထူးဆောင်နိုင်ငံအဖြစ် မြန်မာနိုင်ငံက ပါဝင် ပြသမည် ဖြစ်ခြင်းကြောင့် ပြခန်းများ ခန်းခန်းနားနား ဝေေ၀ဆာဆာ ခင်းကျင်းပြသရန် စီစဉ်ထားကြောင်း သိရှိရပြီး၊ UMFCCI ၏ အစီအစဉ်ဖြင့် စည်းရုံးခဲ့ရာသွားရောက်လိုသူ
မြန်မာ့ စီးပွားရေးလုပ်ငန်းရှင်များနှင့် လေ့လာလိုသူများ အထူးများ
သောကြောင့် တရုတ်နိုင်ငံမှ အထူးလေယာဉ် တစ်စီးနှင့် မြန်မာ့လေကြောင်းမှ အထူးလေယာဉ်
တစ်စီး စုစုပေါင်း လေယာဉ် (၂)စီးကို စင်းလုံးငှားကာ သွားရောက်ကြမည်ဖြစ်ကြောင်း UMFCCI မှ သိရှိရပါသည်။
