ကြိုဆိုပါတယ် ..

အသွင်သစ် ဘလော့မှ နွေးထွေးလှိုက်လှဲစွာကြိုဆိုပါတယ် ..... ရွှင်လန်းချမ်းမြေ့ပါစေ ...

Tuesday, October 2, 2012

အမေရိကန်ကို မြန်မာ့ ပို့ကုန်တွေ တကယ်ရောင်းလို့ရပြီလား ?











သမ္မတကြီး၏ ခရီးစဉ်တွင် အမေရိကန်က မြန်မာ့  ပို့ကုန်များအပေါ်
တင်သွင်းခွင့်  ပိတ်ဆို့  ထားမှုအား  ဖယ်ရှား  လိုက်ပြီဖြစ်ရာ မြန်မာ
လုပ်ငန်းရှင်များဝမ်းမြောက်လျက်ရှိပါသည်။အမှန်တကယ်တင်ပို့ခွင့်
ရရှိရန်လိုအပ်သည့်အပြင်  မြန်မာကဲ့သို့ အခြားသော ဖွံ့ဖြိုးမှုနှိမ့်ကျ
သည့် နိုင်ငံများကိုအမေရိကန်ကပေးသောသက်သာခွင့်အခွင့်အရေး
များလည်း  ရရန်လိုအပ်မည်  ဖြစ်ပါသည်။   ၄င်းအခွင့်အရေးများကို
မြန်မာက အလျင်အမြန်တောင်းဆိုရန် လိုအပ်လျက်ရှိပြီး၊ တောင်းဆို
မှုများကို အစိုးရချင်း ညှိနှိုင်းပေးရမည်ဖြစ်သဖြင့်  မည်သည့်  ၀န်ကြီး
ဌာနက ဆောင်ရွက်မည်ဖြစ်ကြောင်း၊ လုပ်ငန်းရှင်များက သိလိုလျက်
ရှိကြပါသည်။  ကုန်သွယ်ရေးကိစ္စ   ဖြစ်သဖြင့်  ကုန်သွယ်ရေးဝန်ကြီး
ဌာနက လုပ်မှာလား? နှစ်နိုင်ငံစေ့စပ်ညှိနှိုင်းခြင်း ဖြစ်သဖြင့်နိုင်ငံခြား
ရေးကလုပ်မှာလား၊စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်ဖြစ်သဖြင့် စီးပွားရေး
ဖွံ့ဖြိုးတိုးတက်မှုဌာနက လုပ်မှာလား ဘယ်သူလုပ်လုပ်  လုပ်ငန်းရှင်
များက ကြိုဆိုပါသည် အမေရိကန်သို့ မြန်မြန်နှင့် များများတင်ပို့ခွင့်
ရရေး ဌာနတစ်ခုခုကတော့ မလွှဲမသွေလုပ်သင့်ကြောင်း လုပ်ငန်းရှင်
များနဲ့ ပြည်သူ လူထုက လိုလား နေကြသည်။

မြန်မာ့ ပို့ကုန် သွင်းကုန် ဥပဒေ


လွှတ်တော်မှအတည်ပြုလိုက်သော မြန်မာ့ပို့ကုန်သွင်းကုန်ဥပဒေတွင်
ပါဝင်သော   အချက်များမှာ  ယေဘုယျ ခြုံငုံ  ဖော်ပြချက်သာ  ဖြစ်ပြီး
နည်းဥပဒေနှင့်  လုပ်ထုံးလုပ်နည်းများ၊  အမိန့်နှင့် ညွှန်ကြားချက်များ
ထပ်မံ ထုတ်ပြန်ရန်  သက်ဆိုင်သည့်  ၀န်ကြီးဌာနက  ဆောင်ရွက်နေ
ကြောင်း  သိရှိရသည်။  အဆိုပါ  ဥပဒေအရ  လိုင်စင်ရယူ  တင်သွင်း
ရမည့် ကုန်ပစ္စည်းများကို လိုင်စင်မယူဘဲတင်သွင်းခဲ့ပါက ထောင်ဒဏ်
(၃)နှစ်အထိ ချက်မှတ်နိုင်ကြောင်းသိရသဖြင့် နောင်တွင်ဤဥပဒေဖြင့်
မမှန်  မကန်  စီးပွားရေး  လုပ်ကိုင်သူများကို   ဒဏ်ခက်နိုင်တော့မည်
ဖြစ်ကြောင်း သိရှိရသည်။

မြန်မာ့ ပို့ကုန်တွေ ဈေးကွက် ရအောင် ဘယ်သူလုပ်ပေးမလဲ?




















ကမ္ဘာ့စီးပွားရေး မကောင်းတဲ့အတွက် မြန်မာပြည်မှာလည်း
စီးပွားရေး ကျလာတယ်။စားသောက်ဆိုင်တွေ အပျော်အပါး
နေရာတွေမှာ   လူအ၀င်နည်းပြီး  ငွေရှာရ  ခက်လာတယ်။
နိုင်ငံခြားကိုကုန်ပစ္စည်းတင်ပို့နေသူတွေလည်းကုန်အမှာစာ
လျော့ကျတာကတစ်မျိုး၊  ဈေးကွက်ပျောက်တာက  တစ်မျိုး၊
အခက်အခဲမျိုးစုံ တွေ့နေရတယ်။ မြန်မာ့ ပို့ကုန်တွေ အာမ
ခံချက်ရှိတဲ့ ဈေးကွက်တွေ ရရှိဖို့ ဘယ်သူကများ   လုပ်ပေး
နိုင်မှာလဲ၊  လုပ်ပေးမဲ့သူရှိရင်  တစ်စိတ်လောက်   လက်တို့
ပြောပေးစမ်းပါ ဗျာလို့    ကုန်သည်တွေ    ညည်းနေကြပြီ၊
ဘယ်သူဖြေရှင်းပေးမလဲ၊

မှောင်ခိုကုန်သွယ်သူများ သတိထားဖို့ လိုပြီ











မြန်မာ - တရုတ်နဲ့  မြန်မာ - ထိုင်း နယ်စပ်ကုန်သွယ်ရေးတွေမှာတရားမ၀င်
မှောင်ခိုသယ်ဆောင်မှုတွေ အလွန်များပြားနေကြောင်း  တရားဝင်  လိုင်စင်
ယူပြီး တင်သွင်းခြင်း၊  တင်ပို့ခြင်း၊  မလုပ်ကြတော့ဘဲ  လွတ်လွတ်လပ်လပ်
ပျော်ပျော်ကြီး ဗြောင်ဆွဲ နေကြကြောင်း သတင်းတွေ နားမဆံအောင်ကြား
ရပြီးနောက် အခုတော့ အကြီးအကဲတွေရဲ့ခွင့်ပြုမှုနဲ့ ကုန်သွယ်ရေးဝန်ကြီး
ဌာနက  ဦးဆောင်ပြီး  ရှာဖွေဖမ်းဆီးရေးအဖွဲ့နဲ့  မှောင်ခိုတားဆီးရေးကို
ဆောင်ရွက်တော့မယ်လို့ကြားသိရပါတယ်။တကယ်ဘဲတားနိုင်မှာလား ?
အရင်လို စားအုံးမှာလား ? စောင့်ကြည့်ရမှာဖြစ်ပါတယ်။