
ဆန် စပါး အထူးပြု ကုမ္ပဏီ (၁၈) ခုက ကျေးရွာ အုပ်စု
(၄၁၀)ရှိ စိုက်ဧက (၁)သိန်း (၇)သောင်းကျော်အတွက်
စက်သုံးဆီ၊ ဓါတ်မြေသြဇာ၊ မျိုးစပါးနှင့် ငွေသား အပါအ၀င်
တန်ဖိုးကျပ်သိန်းပေါင်း (၇)သောင်းခန့် ပံ့ပိုးပေးခဲ့ပြီး၊
ယခင်နှစ်က အထူးပြု ကုမ္ပဏီ (၂၆)ခုတို့က တန်ဖိုး
ကျပ်သိန်းပေါင်း (၁)သိန်းခန့်ပံ့ပိုးပေးခဲ့ကြောင်းသိရှိ
ရပါသည်။ ထို့ကြောင့် တောင်သူများက အထူးပြု ကုမ္ပဏီများ
အနက် ပေးသူပေးနှေးသူနှေး ဖြစ်နေကြပြီး ထပ်မံ ပံ့ပိုးပေးလာမည့် အခြေအနေ
များကို မျှော်လင့်စောင့်စားနေကြောင်းသိရှိရပါသည်။