ကြိုဆိုပါတယ် ..

အသွင်သစ် ဘလော့မှ နွေးထွေးလှိုက်လှဲစွာကြိုဆိုပါတယ် ..... ရွှင်လန်းချမ်းမြေ့ပါစေ ...
Showing posts with label သိမှတ်ဖွယ်ရာ. Show all posts
Showing posts with label သိမှတ်ဖွယ်ရာ. Show all posts

Wednesday, September 5, 2012

e-Government လုပ်ငန်းများ ပိုမိုသွက်လက် မြန်ဆန်ရန်လိုအပ်










           ၂၀၁၅  ခုနှစ်တွင်   အာဆီယံ   အဖွဲ့ဝင်   နိုင်ငံများအတွင်း   အာဆီယံ
အသိုက်အမြုံကိုထူထောင်တော့မည်ဖြစ်ရာ နိုင်ငံအသီးသီးသည် အချင်းချင်း ပိုမို
ရင်းနှီးစွာဆက်ဆံရေးနှင့်လုပ်ငန်းလွယ်ကူမြန်ဆန်ရေးအတွက် e-Government
ယန္တရားကို  ထူထောင် လည်ပတ် တော့မည်ဖြစ်ရာ   အစိုးရဌာနများ  အနေဖြင့်
အသင့်ဖြစ်ရေးဆောင်ရွက်ရန် လိုအပ်လျှက်ရှိပြီ ဖြစ်ပါသည်။
          ယခုချိန်ထိ အရိုးစွဲလျက်ရှိသော ကြိုးနီစနစ်များ  မလိုအပ်သော စာရွက်
စာတမ်းများ လျော့ချပြီး အဆင့်အလိုက် တာဝန်ယူမှုဖြင့် ဆောင်ရွက်ရတော့မည်
ဖြစ်ရာ IT ခေတ်တွင် ပေါ့ပါး လွယ်ကူ မြန်ဆန်သော ဆက်သွယ်ရေးစနစ်များဖြင့်
အချိန်တိုအတွင်း  အလုပ်ဖြစ်မည့်  လုပ်နည်းစနစ်ကို   ပြောင်းလဲပြင်ဆင်ရတော့
မည်ဖြစ်ပါသည်။  မည်သည့်   ဌာနများက     ရှေ့ရောက်ပြီး၊   e-Government
စနစ်ကို  အကောင်အထည်ဖော်နေကြောင်း  စုံစမ်းတီးခေါက်ရာ  ကုန်သွယ်ရေး၊
သိပ္ပံနည်းပညာ၊ စီမံစီးပွား  စသော  ဌာနများက  လက်တွေ့   အကောင်အထည်
ဖော်နေပြီဖြစ်ကြောင်း သိရှိရပါသည်။

Thursday, August 30, 2012

စားသုံးသူအကျိုးကာကွယ်ရေး တိုင်ကြားလျှင် ရ ၊ မရ

စားသုံးသူအကျိုးကာကွယ်ရေး ကိစ္စရပ်များမှာ အရေးကြီးကြောင်း ပြည်သူလူထုအကြား
ကျယ်ပြန့်စွာ ပြောဆို လျှက်ရှိပါသည်။
အရည်အသွေး မပြည့်ဝသော စားသုံးဆီများ၊
ဆေးဝါးများ၊ စားသောက်ဖွယ်ရာများကြောင့် ကျန်းမာရေးကို များစွာ ထိခိုက်စေကြောင်း အဆင့်မမှီသော စက်မှုထွက်ကုန်ပစ္စည်း
များကြောင့် ၀ယ်ယူသုံးစွဲရမှု မှန်ကန်မှု မရှိကြောင်း၊ ပြောဆိုလျှက်ရှိပါသည်။ ၄င်းကိစ္စရပ်များကို သက်ဆိုင်သည့်
ဝန်ကြီးဌာနများက ၀ိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်ပေးလျှက်ရှိသော်လည်း
စားသုံးသူ ပြည်သူလူထုက ၀ယ်ယူသုံးစွဲရသည့် ကုန်ပစ္စည်းအပေါ် တစ်စုံတစ်ရာ
ကျေနပ်မှုမရှိပါက မည်သည့် ဌာနသို့ တိုင်ကြားရမည်ကို မသိဖြစ်လျှက်ရှိကြပါသည်။
အချို့က စားသောက်ကုန်များအတွက် ကျန်းမာရေးဝန်ကြီးဌာန၊ စက်မှုကုန်ပစ္စည်း
များအတွက် စက်မှုဝန်ကြီးဌာန စသည်ဖြင့် ပြောကြားနေကြသော်လည်း
တိကျသော ထုတ်ပြန်ကြေညာမှု မရှိခြင်း၊ တာဝန်ယူဖြေရှင်းပေးမည့် ဌာနကိုမသိ
ရှိခြင်းတို့ကြောင့် အခက်အခဲဖြစ်လျှက်ရှိကြောင်း သိရှိရပါသည်။ ထပ်မံသိရှိ
ရသော သတင်းများအရ စားသုံးသူအကျိုးကာကွယ်ရေးဥပဒေကို ကုန်သွယ်ရေး
ဝန်ကြီးဌာနမှ ရေးဆွဲလျှက်ရှိပြီး၊ တိုင်ကြားလိုသူများ ကုန်သွယ်ရေးညွှန်ကြားမှု
ဦးစီးဌာနသို့ ဆက်သွယ်နိုင်ကြောင်း၊ ၄င်းတို့၏ Website
http://www.commerce.gov.mm တွင် တွေ့ရှိရပါသဖြင့်
သတင်းမျှဝေ လိုက်ပါသည်။

Sunday, August 19, 2012

ပင်လယ်အကောက်ခွန်ဥပဒေပုဒ်မ (၂၄)အရ အပ်နှင်းထားသော အခွင့်အာဏများကို ကျင့်သုံးလျက် အကောက်ခွန် ကင်းလွတ်ခွင့်ရှိသော ခရီးသည် ကိုယ်သုံးဝန်စည်ပစ္စည်းများအဖြစ် ပြင်ဆင်သတ်မှတ်

မြန်မာနိုင်ငံသားများနှင့် နိုင်ငံခြားသားများအတွက် တရားဝင်ခွင့်ပြုလိုက်သော
ပြည်တွင်းသို့ ယူဆောင်လာနိုင်သည့် ပစ္စည်းစာရင်းများကို ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၁၀ ရက် နေ့စွဲပါ အမိန့်ကြော်ငြာစာ အရ အောက်ပါအတိုင်း ပြင်ဆင်သတ်မှတ်လိုက်သည်


Friday, August 17, 2012

လက်ကိုင်ဖုန်းနဲ့ ကျန်းမာရေးအန္တရာယ်

ကမ္ဘာပေါ်မှာ လူသန်းပေါင်းထောင်နဲ့ချီပြီး လက်ကိုင်ဖုန်းတွေ သုံးနေကြပါတယ်။ မြန်မာနိုင်ငံမှာလည်း အသုံးပြုတာ အများကြီး တွင်ကျယ်လာနေပါပြီ။
WHO – ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက မကြာသေးခင် လပိုင်းတွေက ဒီလက်ကိုင်ဖုန်းရဲ့  လျှပ်စစ်သံလိုက်စက်ကွင်းတွေဟာ ဦးနှောက်ကင်ဆာဖြစ်စေနိုင်တဲ့ အလားအလာရှိတယ်လို့ စပြီးသတိပေးလာပါတယ်။ တခြား ဘာတွေ ထပ်ဖြစ်စေနိုင်ပါသလဲ။
တန်ဆေးလွန်ဘေးဆိုသလိုပဲ သာမန် လက်ကိုင်ဖုန်းသုံးရင်တော့ နေ့တဓူဝ ကိစ္စရပ်တွေကို အထောက်အကူပြုပေမဲ့  နာရီပေါင်း တော်တော်ကြာကြာ အသုံးလွန်သွားရင်တော့ ရေရှည်မှာ ဦးနှောက်ကို ထိခိုက်နိုင်ပါတယ်။ ဦးနှောက်နုနယ်သေးတဲ့ ကလေးနဲ့ ဆယ်ကျော်သက်တွေအတွက်ဆို ပိုသတိထားပေးဖို့ လိုပါတယ်။ ဘယ်လို လက်ကိုဖုန်းသုံးရင် အန္တရယ်နည်းစေနိုင်ပါသလဲ။
ဒီအကြောင်းတွေကို VOA သတင်းထောက် Zulima Palacio သတင်းပို့ထားတာ နဲ့ မြန်မာနိုင်ငံထဲက ဦးနှောက်နဲ့ အာရုံကြော အထူးခွဲစိတ်ဆရာဝန်ကြီး ဒေါက်တာဆိုင်မွန်သာ (Simon Thar) တို့ကို မေးမြန်းထားတာတွေကို ကိုဝင်းမင်းက စုစည်းတင်ပြထားပါတယ်။
Article source: mmnewstoday



ကားနံပါတ် အင်္ဂလိပ် အက္ခရာ တပ်ခွင့်ပြုပြ

‎"ကားနံပါတ် အင်္ဂလိပ် အက္ခရာ တပ်ခွင့်ပြုင်္ပြီ"

အိမ်စီးကားများ အပါအ၀င် မည့်သည့် ကားမဆို အင်္ဂလိပ် အက္ခရာ တပ်ဆင် ခွင့်ပေးတော့မည် ဖြစ်ကြောင်း ကုန်းလမ်း ပို့ ဆောင်ရေး ညွှန်ကြားမှု ဦးစီး ဌာနမှ သိရသည်။ တပ်ဆင်ခွင့်ပေးရာတွင် နိုင်ငံခြားမှ တင်သွင်းလာသော နံပါတ်မရသေးသည့် ကားများ ကိုသာ ခွင့်ပြုပေးမည်ဖြစ်ပြီး ယင်းအင်္ဂလိပ် အက္ခရာ မှ မြန်မာအက...
္ခရာ သို့ ပြန်လည်ပြောင်းလဲခွင့်ပြုမည် မဟုတ်ကြောင်း သိရသည်။ ပြည်ပမှ လွတ်လပ်စွာ မော်တော်ယာဉ် တင်သွင်း ခွင့် ပြုပြီးနောက် ပိုင်း ၂၁၁၂ခုနှစ် ဇူလိုင်လ မှ စတင်ကာ ပြည်ပမှ တင် သွင်းသော Taxi ယာဉ်များကိုသာ အင်္ဂလိပ် အက္ခရာAA ဖြင့် ထုတ်ပေး ထား ခြင်းရှိသေးကြောင်းသိရသည်။

တင်ဇာဇော်

Arri နဲ့ပုံစံတူထုတ်လုပ်ထားပြီး 650w, 1000w ရရှိနိုင်ပြီ။

Arri နဲ့ပုံစံတူထုတ်လုပ်ထားပြီး 650w, 1000w ရရှိနိုင်ပြီ။

ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်းအား ဒုတိယ သမ္မတ အဖြစ်တင်မြှောက်လိုက်သည့် အပေါ် ရခိုင်ပါတီနှစ်ခုက ကြိုဆို

တပ်မတော်ရေ ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်း အား ဒုတိယ သမ္မတအဖြစ် ရွေးချယ်တင်မြှောက်လိုက်သည့် အပေါ် ရခိုင်ပါတီနှစ်ခု ဖြစ် သည့် ရခိုင်တိုင်းရင်း သားများ တိုးတက်ရေးပါတီနှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှ ကြိုဆိုလိုက်သည်။
ဒုတိယ သမ္မတ အဖြစ် ရေတပ်ဗိုလ်ချုပ်ကြီးကို ဥာဏ်ထွန်းကို တင်မြှောက်လိုက်ခြင်းကို ကြိုဆိုကြောင်း ရခိုင်တိုင်းရင်းသားများ တိုး တက်ရေး ပါတီ ဥက္ကဌ ဒေါက်တာအေးမောင်က နိရဉ္စရာသို့ ပြောသည်။

“ ပင်လယ်ပြင်တွေ အများကြီးရှိတဲ့ ပြည်နယ်တစ်ခုက လွှတ်တော်အမတ် တစ်ဦးရဲ့ ဆန္ဒကတော့ ပင်လယ်ပြင်ဆိုင်ရာနဲ့တာ ၀န်ယူလုပ်ဆောင် ခဲ့တဲ့ ကာကွယ်ရေး ဦးစီးချုပ် (ရေ) ကို ဒု သမ္မတ တင်မြှောက်လိုက်တာကို ကြိုဆိုပါတယ်။ ဖွဲ့စည်းပုံ အရ ရေတပ် တာဝန် အကြီးမားဆုံးထမ်း ဆောင်ခဲ့သူ တယောက် ခုလို ဒုတိယ သမ္မတဖြစ် လာတဲ့ အတွက် ၀မ်းသာ ကြိုဆို ပါတယ်” ဟု ဆိုသည်။

ယခု ရွေးချယ်လိုက်သော ဒုတိယ သမ္မတ နေရာမှာ ဘယ်သူကိုဘဲ ရွေးရွေး တိုင်းပြည်အပြောင်းအလဲ ဖြစ်အောင်လုပ် ဆောင် မည့်သူ ဆိုပါက ကြိုဆိုရမည်ဟု ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးအေးသာအောင်က ပြောသည်။

“ ဘကြီးတို့အနေနဲ့ ဒုတိယသမ္မတကို ဘယ်သူကိုဘဲ ရွေးရွေး ပြည်သူတွေရဲ့ ဘ၀လုံခြုံရေး အခြေ အနေဟာအေးအေး ချမ်းချမ်းနဲ့အပြောင်း အလဲတွေ ဖြစ်လာအောင် လုပ်ဆောင်မယ် ဆိုရင် ကြိုဆိုရမှာပါ။ အဲဒါကြောင့် ယခုအချိန်မှာ ဘာမှာ ပြော ဆိုစရာ မရှိပါဘူး။”

သဘောထားတင်းမာသူဟု သတ်မှတ်ခံထားရသူ ယခင် ဒုတိယ သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးသည် ကျန်းမာရေး အကြောင်းပြ ချက် ဖြင့် ရာထူးမှ နုတ်ထွက်စာကို သမ္မတရုံးသို့ ဇူလိုင်လ ၂ ရက်နေ့တွင်တင်ခဲ့သည်။

ဦးတင်အောင်မြင့်ဦး ဒုတိယသမ္မတအဖြစ်မှ နှုတ်ထွက်စာတင်ပြီး လစ်လပ်နေသော သူ့နေရာအတွက် ရန်ကုန်တိုင်း ဒေသကြီး ဥက္ကဌ ဦး မြင့် ဆွေကို စစ်တပ်က ကိုယ်စားလှယ်များက အမည် စာရင်း တင်သွင်းခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေမှာ သူ၏ သားမက်ဖြစ်သူက သြစတေးလျနိုင်ငံသားဖြစ်နေသောကြောင့် ဖွဲ့စည်းပုံ အခြေခံ ဥပ ဒေပါ သမ္မတ အရည်အချင်းနှင့် ဆိုင်သော ပြဌာန်းချက်များနှင့် ညှိစွန်းနေသဖြင့် နောက်ပိုင်းတွင် ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်းအား အမည် စာရင်း တင်သွင်းခဲ့သည်။

တပ်မတော် (ရေ) ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်းကို ၂၅ ရာခိုင်နှုန်းပိုင်ဆိုင်ထားသော တပ်မ တော်သား လွှတ်တော်အမတ်များ ၏ အဆို တင်သွင်းမှုကို လွှတ်တော်က အတည်ပြုလိုက်သဖြင့် ဒုသမ္မတဖြစ်လာခြင်း ဖြစ်သည်။

ဒုတိယ သမ္မတ ဖြစ်လာသူ ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်းမှာ စစ်တက္ကသိုလ် အပတ်စဉ် ၁၆ ကျောင်းဆင်း တဦး ဖြစ် သည်ဟု သိရ သည်။လစ်လပ်နေသော ဒုတိယသမ္မတ ရာထူးအတွက် တခြား ထင်ကြေးပေး ခံနေရသူများဖြစ်သည့်ပြည် ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို၊ နယ်စပ်ရေးရာ ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးနှင့် ကာကွယ် ရေး ဝန်ကြီး ဌာနက ဒုတိ ယ ဗိုလ်ချုပ်ကြီး လှဌေးဝင်းတို့ ဖြစ်ကြပြီး ဗိုလ် ချုပ်ကြီး ဥာဏ်ထွန်းသည် သူတို့ (၃) ဦးကို ကျော်ဖြတ်ပြီး ဒုတိယ သမ္မတ ဖြစ်လာ သည်။

Myanmar Express

Tuesday, August 14, 2012

မန္တလေးမြို့ဘန်ကောက်မြို့တို့ အကြား ခရီးစဉ်သစ်

မန္တလေးမြို့ဘန်ကောက်မြို့တို့ အကြား ခရီးစဉ်သစ် တစ်ခုဖြစ်သော မန္တလေး - ဘန်ကောက် လေကြောင်း ခရီးစဉ်ကို လက်မှတ်ခ ကန်ဒေါ်လာ ၄၉ ဖြင့် ၂၀၁၂ခုနှစ်၊ အောက်တိုဘာ ၄ ရက်မှ စတင် ပြေးဆွဲ ပေးသွားမည် ဖြစ်ကြောင်း အဆိုပါ လေကြောင်းဌာနနှင့် ပုဂ္ဂလိက လေကြောင်း လက်မှတ် အရောင်းကုမ္ပဏီများက သိရသည်။
The Voice Weekly