ကြိုဆိုပါတယ် ..

အသွင်သစ် ဘလော့မှ နွေးထွေးလှိုက်လှဲစွာကြိုဆိုပါတယ် ..... ရွှင်လန်းချမ်းမြေ့ပါစေ ...

Tuesday, August 21, 2012

မြန်မာ့စီးပွားရေးဘဏ်များတွင် လူများတိုးဝှေ့  ငွေစာရင်းဖွင့်လျှက်ရှိ



၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်နေ့တွင် အစိုးရဘဏ်များ၌ တစ်ဦးချင်း မော်တော်ကား တင်သွင်းလိုသူများ ကြိတ်ကြိတ်တိုး စည်ကားလျှက်ရှိကြောင်း၊ ထိုသို့ စည်ကားရခြင်းမှာ
 ပြင်ပ၌ ကား ၀ယ် ရောင်း များက ကားပါမစ်များကို သြဂုတ်လ ကုန်အထိသာ ခွင့်ပြုတော့မည်ဟု သတင်းလွှင့်နေခြင်းကြောင့် ကားတင်သွင်းခွင့်လျှောက်ထားရန် လူများအများအပြား
လာရောက်လျှက် ရှိကြောင်း၊ ကားတင်သွင်းခွင့်လျှောက်ထားရာ၌ သန်းခေါင်းစာရင်း လိုအပ်ခြင်းနှင့် ဘဏ်ငွေစာရင်း ဖွင့်လှစ်ရာတွင် လူကိုယ်တိုင် လာပါဆောင်ရွက်ရသည့်အတွက် မသိနားမလည်သူများမှာ သန်းခေါင်စာရင်းတစ်စောင်လျှင် လူ(၂)ဦး၊ (၃)ဦးခန့် လိုက်ပါလာခြင်းတို့ကြောင့် ဤသို့ ကြိတ်ကြိတ်တိုးစည်ကားခြင်းဖြစ်ကြောင်းသိရှိရပါသည်။
စီးပွားကူးသန်းဝန်ကြီးဌာနမှ ကားပါမစ်များကို သြဂုတ်လအထိသာ ခွင့်ပြုမည်ဆိုခြင်းမှာ မဟုတ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment