ကြိုဆိုပါတယ် ..

အသွင်သစ် ဘလော့မှ နွေးထွေးလှိုက်လှဲစွာကြိုဆိုပါတယ် ..... ရွှင်လန်းချမ်းမြေ့ပါစေ ...

Wednesday, September 5, 2012

အလုပ်မဖြစ်သည့် ကုန်သည်အသင်း ဥက္ကဌများ နားသင့်ပြီ








မြန်မာနိုင်ငံ ကုန်သည်ကြီးများ အသင်း၏  လက်အောက်တွင်  ရှိသော
ပြည်နယ်နှင့်တိုင်းအသီးသီးမှ     ကုန်သည်ကြီးများ     အသင်းခွဲများ၏  
ဥက္ကဌ  အချို့မှာ  ဥက္ကဌ  တာဝန်ကို  နှစ်ရှည်လများ    ဆုပ်ကိုင်ထားပြီး 
အသင်း၏  တိုးတက်ရာ   တိုးတက်ကြောင်းများကို  ဆောင်ရွက်နိုင်ခြင်း  
မရှိဘဲ   ကိုယ်အကျိုး   စီးပွားကိုသာ  ဆောင်ရွက် နေခြင်းကြောင့်  ၄င်း
နယ်မြေရှိ   စီးပွားရေးလုပ်ငန်းရှင်များနှင့်  ပြည်သူများအတွက်  များစွာ
နစ်နာစေကြောင်းဖြစ်နိုင်ပါက၄င်းတို့ကိုလဲလှယ်ပေးသင့်ပြီဖြစ်ကြောင်း
ဝေဖန်ပြောကြားမှုများ   ကြားသိရပါသည်။ အထူးသဖြင့်  နယ်စပ်ဒေသ
များတွင်  ပြုပြင်  ပြောင်းလဲမှုများ  အမြန်ဖြစ်ပေါ်  စေလိုသည့်  ဆန္ဒများ
ရှိကြောင်း  သိရှိရပါသည်။   အမှန်တကယ်   ပြည်သူ့  အကျိုးပြုလုပ်ငန်း
များကို     စိတ်စေတနာပါပါဖြင့်    ဆောင်ရွက်နိုင်ပါက   ထိုဥက္ကဌမျိုးကို
လက်ခံကြောင်း  လက်ရှိ   ဥက္ကဌများမှာ မိမိအကျိုးကို ဖန်တီးရယူနေသူ
များဖြစ်ကြောင်းကြားသိရပါသည်။

ကုန်သည်များ သစ္စာတရား ရှိရန် လိုအပ်











မြန်မာနိုင်ငံမှ ၀ိသမသား ကုန်သည်တချို့သည် နိုင်ငံတော်မှ အလိုအလျှောက်
လိုင်စင်စနစ် ခွင့်ပြုပေးပြီးနောက် လိုင်စင်လျှောက်ထားရာတွင် ဈေးနှုန်းများကို
စိစစ်ခြင်း၊  မပြုတော့သည့်အတွက်  ပုံမှန်  လျှောက်နေကြ   ကုန်ပစ္စည်းများ၏
ဈေးနှုန်းကို ၇၀% ခန့်အထိ လျော့ချလျက် လျှောက်ထား လာကြောင်းတွေ့ရှိ
ရသည့် အတွက် သက်ဆိုင်ရာ  ကုန်သွယ်ရေးဌာနက  အဆိုပါ  ကုမ္ပဏီများကို
မှန်မှန် ကန်ကန်ေ ဈးနှုန်းစာရင်း   ဖော်ပြကြရန်နှင့်   မမှန်မကန်   လိမ်လည်
လျှောက်ထား  မှုများကို   ပြန်လည်  ဖော်ထုတ်သိရှိ   ခဲ့ပါက  ဥပဒေနှင့် အညီ
အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း၊  နိုဝင်ဘာလအထိ  သတိပေး  စည်းရုံး
ဆောင်ရွက်မှုသာ ဆောင်ရွက်မည်ဖြစ်သော်လည်း၊  နောင်တွင်  ထိရောက်စွာ
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

e-Government လုပ်ငန်းများ ပိုမိုသွက်လက် မြန်ဆန်ရန်လိုအပ်










           ၂၀၁၅  ခုနှစ်တွင်   အာဆီယံ   အဖွဲ့ဝင်   နိုင်ငံများအတွင်း   အာဆီယံ
အသိုက်အမြုံကိုထူထောင်တော့မည်ဖြစ်ရာ နိုင်ငံအသီးသီးသည် အချင်းချင်း ပိုမို
ရင်းနှီးစွာဆက်ဆံရေးနှင့်လုပ်ငန်းလွယ်ကူမြန်ဆန်ရေးအတွက် e-Government
ယန္တရားကို  ထူထောင် လည်ပတ် တော့မည်ဖြစ်ရာ   အစိုးရဌာနများ  အနေဖြင့်
အသင့်ဖြစ်ရေးဆောင်ရွက်ရန် လိုအပ်လျှက်ရှိပြီ ဖြစ်ပါသည်။
          ယခုချိန်ထိ အရိုးစွဲလျက်ရှိသော ကြိုးနီစနစ်များ  မလိုအပ်သော စာရွက်
စာတမ်းများ လျော့ချပြီး အဆင့်အလိုက် တာဝန်ယူမှုဖြင့် ဆောင်ရွက်ရတော့မည်
ဖြစ်ရာ IT ခေတ်တွင် ပေါ့ပါး လွယ်ကူ မြန်ဆန်သော ဆက်သွယ်ရေးစနစ်များဖြင့်
အချိန်တိုအတွင်း  အလုပ်ဖြစ်မည့်  လုပ်နည်းစနစ်ကို   ပြောင်းလဲပြင်ဆင်ရတော့
မည်ဖြစ်ပါသည်။  မည်သည့်   ဌာနများက     ရှေ့ရောက်ပြီး၊   e-Government
စနစ်ကို  အကောင်အထည်ဖော်နေကြောင်း  စုံစမ်းတီးခေါက်ရာ  ကုန်သွယ်ရေး၊
သိပ္ပံနည်းပညာ၊ စီမံစီးပွား  စသော  ဌာနများက  လက်တွေ့   အကောင်အထည်
ဖော်နေပြီဖြစ်ကြောင်း သိရှိရပါသည်။

နိုင်ငံခြားသားများ၏ မျှော်လင့်ချက်











မြန်မာနိုင်ငံသည် သယံဇာတ ပေါကြွယ်ဝပြီး လုပ်သားအရင်းအမြစ် ရှိခြင်း၊
ပထ၀ီ အနေအထားအရ အချက်အခြာ ကျခြင်းတို့ကြောင့်  နိုင်ငံခြားသား
များ၏ စီးပွားရေးအခွင့်အလမ်းများပြားသော နိုင်ငံအဖြစ်  မျက်စိကျလျှက်
ရှိသော်လည်း   နိုင်ငံခြား  ရင်းနှီးမြှုပ်နှံမှု  ဥပဒေ  အတည် မဖြစ်သေးခြင်း၊
နိုင်ငံခြားသားများ   ပြည်တွင်းတွင်  ကုန်သွယ်ခွင့်   မရသေးခြင်း  ဖတ်စပ်
ဆောင်ရွက်ရန်    စိတ်ချရသော   ပြည်တွင်း    မိတ်ဆွေများ    ရှာဖွေရန်
အထောက် အကူမရရှိခြင်း တို့ကြောင့် အမှန်တကယ် စီးပွားရေးလုပ်ငန်း
များအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ဖော်ပြပါ အချက်များအပေါ်
ထင်သာ မြင်သာရှိသော တုံ့ပြန်မှုများမျှော်လင့်နေကြောင်းသိရှိရပါသည်။


ထန်းပင်တွေ ကုန်တော့မယ်

 








     အညာတစ်ဝိုက် ပေါပေါများများ ပေါက်ခဲ့တဲ့ ထန်းပင်တွေ
ယခုအခါ စီးပွားရေး သောင်းကျန်းတဲ့ ကုမ္ပဏီ တစ်ချို့ကြောင့်
ခုတ်လဲပြီး ပြည်ပ ပို့တော့မယ် ဖြစ်ကြောင်းသိရတယ်။
     ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အလေးထားနေတဲ့
အချိန်မှာမလိုအပ်ဘဲထန်းပင်တွေ ခုတ်လှဲတင်ပို့ခြင်းအတွက်
သက်ဆိုင်တဲ့ ဌာနတွေက မျက်ကွယ်မပြုဘဲ သေချာစိစစ်သင့်
ကြောင်း၊ ပြောဆိုဝေဖန်သံတွေ ကြားနေရပါတယ်။သစ်တော
ဌာနနဲ့ ကုန်သွယ်ရေးဌာနတွေအပြင် ဒေသ အာဏာပိုင်တွေ
ကပါ မျက်ကွယ်ပြုမထားသင့်ကြောင်း၊ ဘီယာတွေပေါလာ
ပေမဲ့ ထန်းရည်နဲ့ ထန်းလျက်ခဲဟာ ရိုးရာဖြစ်ကြောင်း၊ အညာ
သားတွေက ရင်ဖွင့်နေကြောင်းသိရပါတယ်။