
၂၀၁၅ ခုနှစ်တွင် အာဆီယံ အဖွဲ့ဝင် နိုင်ငံများအတွင်း အာဆီယံ
အသိုက်အမြုံကိုထူထောင်တော့မည်ဖြစ်ရာ နိုင်ငံအသီးသီးသည် အချင်းချင်း ပိုမို
ရင်းနှီးစွာဆက်ဆံရေးနှင့်လုပ်ငန်းလွယ်ကူမြန်ဆန်ရေးအတွက် e-Government
ယန္တရားကို ထူထောင် လည်ပတ် တော့မည်ဖြစ်ရာ အစိုးရဌာနများ အနေဖြင့်
အသင့်ဖြစ်ရေးဆောင်ရွက်ရန် လိုအပ်လျှက်ရှိပြီ ဖြစ်ပါသည်။
ယခုချိန်ထိ အရိုးစွဲလျက်ရှိသော ကြိုးနီစနစ်များ မလိုအပ်သော စာရွက်
စာတမ်းများ လျော့ချပြီး အဆင့်အလိုက် တာဝန်ယူမှုဖြင့် ဆောင်ရွက်ရတော့မည်
ဖြစ်ရာ IT ခေတ်တွင် ပေါ့ပါး လွယ်ကူ မြန်ဆန်သော ဆက်သွယ်ရေးစနစ်များဖြင့်
အချိန်တိုအတွင်း အလုပ်ဖြစ်မည့် လုပ်နည်းစနစ်ကို ပြောင်းလဲပြင်ဆင်ရတော့
မည်ဖြစ်ပါသည်။ မည်သည့် ဌာနများက ရှေ့ရောက်ပြီး၊ e-Government
စနစ်ကို အကောင်အထည်ဖော်နေကြောင်း စုံစမ်းတီးခေါက်ရာ ကုန်သွယ်ရေး၊
သိပ္ပံနည်းပညာ၊ စီမံစီးပွား စသော ဌာနများက လက်တွေ့ အကောင်အထည်
ဖော်နေပြီဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment