Wednesday, October 3, 2012
တစ်ဆင့်ခံ ကုန်သွယ်မှုများ နည်းလမ်းတကျ ဖြစ်ရန်လို
ယခုအခါ မြန်မာနိုင်ငံကို ဖြတ်သန်း၍ အခြား အိမ်နီးနားချင်း နိုင်ငံများသို့
ကုန်ပစ္စည်းများတင်ပို့ခြင်း၊တင်သွင်းခြင်းများ များပြားလာရာ တစ်ဆင့်ခံ
ကုန်သွယ်မှုစနစ်သည် မြန်မာနိုင်ငံအတွင်း စားသုံးရန်၊သုံးစွဲရန်မဟုတ်ဘဲ
တတိယနိုင်ငံသို့ ဆက်လက် တင်ပို့ခြင်းဖြစ်သဖြင့် နယ်စပ်ဂိတ်ပေါက်
များတွင် နှစ်နိုင်ငံ အကောက်ခွန် ဌာနများက စနစ်တကျ စစ်ဆေးပြီး
၎င်းကုန်ပစ္စည်းများကို မြန်မာနိုင်ငံသား သယ်ယူပို့ဆောင်ရေး လုပ်ကိုင်
ခွင့်ရှိသည့် ကုမ္ပဏီများကသယ်ဆောင်ပေးခြင်း ဖြစ်ပါသည်။ သို့ရာတွင်
ထိုကဲ့သို့ ဆောင်ရွက်ရာ၌ တင်ပို့သည့် နိုင်ငံနှင့် တင်သွင်းသည့် နိုင်ငံ
တို့၏ လိုအပ်သော အထောက်အထား စာရွက်စာတမ်းများ ပြည်စုံရ
မည်ဖြစ်ပြီး နည်းလမ်းတကျ ထိုနိုင်ငံများမှ တင်ပို့ တင်သွင်းခွင့်များ
အမှန်တကယ် ရရှိထားရန် လိုအပ်ပါသည်။ မြန်မာ ကုန်သည်များ
အနေဖြင့် တဆင့်ခံ ကုန်သွယ်မှုဟု အမည်တပ်ပြီး မိမိကိုယ်တိုင်က
ဝယ်ယူခြင်း၊ ရောင်းချခြင်းများ ပြုလုပ်နေကြကြောင်း တစ်ဖက်နိုင်ငံ
များ၏ စာရွက် စာတမ်းများမှာ မှန်ကန်မှု မရှိကြောင်း ကြားသိနေရ
သဖြင့် တင်ပို့ တင်သွင်းသော ကုန်ပစ္စည်းများ၏ အရည်အသွေးနှင့်
ပတ်သက်၍ ပြဿနာဖြစ်ပွားလာခဲ့ပါက ဖြေရှင်းရခက်ခဲမည်ဖြစ်သဖြင့်
စည်းမျဉ်း စည်းကမ်းနှင့်အညီ ဆောင်ရွက်သင့်ကြောင်း ကုန်သွယ်ရေး
ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment