Tuesday, October 2, 2012
အမေရိကန်ကို မြန်မာ့ ပို့ကုန်တွေ တကယ်ရောင်းလို့ရပြီလား ?
သမ္မတကြီး၏ ခရီးစဉ်တွင် အမေရိကန်က မြန်မာ့ ပို့ကုန်များအပေါ်
တင်သွင်းခွင့် ပိတ်ဆို့ ထားမှုအား ဖယ်ရှား လိုက်ပြီဖြစ်ရာ မြန်မာ
လုပ်ငန်းရှင်များဝမ်းမြောက်လျက်ရှိပါသည်။အမှန်တကယ်တင်ပို့ခွင့်
ရရှိရန်လိုအပ်သည့်အပြင် မြန်မာကဲ့သို့ အခြားသော ဖွံ့ဖြိုးမှုနှိမ့်ကျ
သည့် နိုင်ငံများကိုအမေရိကန်ကပေးသောသက်သာခွင့်အခွင့်အရေး
များလည်း ရရန်လိုအပ်မည် ဖြစ်ပါသည်။ ၄င်းအခွင့်အရေးများကို
မြန်မာက အလျင်အမြန်တောင်းဆိုရန် လိုအပ်လျက်ရှိပြီး၊ တောင်းဆို
မှုများကို အစိုးရချင်း ညှိနှိုင်းပေးရမည်ဖြစ်သဖြင့် မည်သည့် ၀န်ကြီး
ဌာနက ဆောင်ရွက်မည်ဖြစ်ကြောင်း၊ လုပ်ငန်းရှင်များက သိလိုလျက်
ရှိကြပါသည်။ ကုန်သွယ်ရေးကိစ္စ ဖြစ်သဖြင့် ကုန်သွယ်ရေးဝန်ကြီး
ဌာနက လုပ်မှာလား? နှစ်နိုင်ငံစေ့စပ်ညှိနှိုင်းခြင်း ဖြစ်သဖြင့်နိုင်ငံခြား
ရေးကလုပ်မှာလား၊စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်ဖြစ်သဖြင့် စီးပွားရေး
ဖွံ့ဖြိုးတိုးတက်မှုဌာနက လုပ်မှာလား ဘယ်သူလုပ်လုပ် လုပ်ငန်းရှင်
များက ကြိုဆိုပါသည် အမေရိကန်သို့ မြန်မြန်နှင့် များများတင်ပို့ခွင့်
ရရေး ဌာနတစ်ခုခုကတော့ မလွှဲမသွေလုပ်သင့်ကြောင်း လုပ်ငန်းရှင်
များနဲ့ ပြည်သူ လူထုက လိုလား နေကြသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment