Monday, September 3, 2012
ဆိုင်ကယ် နယ်ပြောင်း ငွေ တစ်သောင်း
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ဆိုင်ကယ်များကို
မှတ်ပုံတင်ခြင်း အလုပ်အား နေ့ခြင်းပြီး စနစ်ဖြင့် မြို့နယ်အရောက်
ကွင်းဆင်း ဆောင်ရွက် ပေးလျက်ရှိရာ တစ်မြို့နယ်အတွက် စီမံ
ချက်ပါ ရက်အတွင်း မှတ်ပုံမတင် လိုက်နိုင်သော ဆိုင်ကယ်များ
အခြား မြို့နယ်သို့ လိုက်ပါ မှတ်ပုံ တင်ကြရာတွင် ၀န်ဆောင်ခ
အရပ်အခေါ် ဘော်ဒါကြေး တစ်သောင်း ကျပ်တိတိကို ဆိုင်ကယ်
ပိုင်ရှင်၏ မေတ္တာ၊ စေတနာ ဖြင့် ပံ့ပိုးကြေး အဖြစ် ပေးအပ်
သည်ကို လိုင်စင်ဆောင်ရွက် ပေးသူများက မြန်မာ လူမျိုးများ
ဖြစ်သည့်အတွက် အားနာ မှုအရ လက်ခံ ရယူ ဆောင်ရွက်ပေး
လျှက်ရှိကြောင်း သိရှိရပါသည်။
ရေကြီးလို့ ဆန်ရှားတော့မှာလား ဗျို့!!!

မြန်မာနိုင်ငံရဲ့ ဆန်အိုးကြီးဖြစ်တဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသကြီး
တစ်ခုလုံးရေမြှုပ်နေတဲ့အပြင် ရန်ကုန်၊ ပဲခူး စတဲ့ ဒေသတွေမှာလည်း
လယ်တွေရေမြှုပ်နေလို့စပါးပေါ်ချိန်မှာစပါးအထွက်နည်းပြီး၊ဆန်ရှား
မယ်လို့လူတွေစိုးရိမ်တကြီးဖြစ်နေကြတယ်၊ဆန်ဈေးကလည်းတက်ဖို့
အရိပ်အရောင်ပြလာတယ်။ ကုန်သွယ်ရေးကလည်းအိတ်စပို့ဆန်တွေ
ခွင့်ပြုနေတယ်။ ဒါ့ကြောင့်ဆန်သစ်ပေါ်မဲ့ အောက်တိုဘာ၊ နိုဝင်ဘာလ
မတိုင်မီဆန်စုထားတာ မမှားဖူးလို့ လူတွေက ထင်လာကြတယ်။ ဒါနဲ့
ပတ်သက်လို့ စိုက်ပျိုးရေးဌာနက ရေကြီးလယ်တွေအတွက် မျိုးစပါး
ထုတ်ပေးဖို့ အသင့်ဖြစ်နေကြောင်း သူတို့ရဲ့ကိန်းဂဏန်းစာရင်းတွေ
အရ စပါး ရှားပါးဖို့ မရှိကြောင်း ကုန်သွယ်ရေးဌာနကလည်း နိုင်ငံတော်
မှာ လိုအပ်ခဲ့ရင် စက်တင်ဘာ၊ အောက်တိုဘာ လတွေမှာ ဆန်အိတ်စ
ပို့ကို ဆန်တင်ပို့နေတဲ့ ကုန်သည်ကြီးတွေနဲ့ ညှိနှိုင်းပြီး ထိမ်းကျောင်း
ပေးနိုင်ကြောင်း သိရှိရပါတယ်။ ကဲနေ့စဉ် ဆန်ကိုဘဲ အားပြုစားနေ
ကြတဲ့ ဒို့မြန်မာတွေသူတို့ပြောတဲ့အတိုင်း ဖြစ်၊ မဖြစ်အခြေအနေကို
စောင့်ကြည့် လိုက်ရအောင်!!!!!!
ပဲလောကမှ စူပါ ပွဲစားများ နားရပြီ
ပဲလောကတွင် အရောင်းအ၀ယ်များ ပြုလုပ်ရာ၌ လေရောင်း လေ၀ယ်ဖြင့်
ပွဲစားများ လှုပ်ရှားကြိုးကိုင်မှုကြောင့် ပဲဈေးများ ကမောက်ကမ ဖြစ်ကာ
ဘ၀ပျက် သွားသူများ ယခင်ကတည်းကရှိခဲ့ပြီး ယခုလည်း ထိုသို့ ဖြစ်နိုင်
ခြေများ များပြားနေသည့်အတွက် ပဲကုန်သည်များ အသင်းနှင့် ပဲတင်ပို့
ရောင်းချသူများ၏ ဆန္ဒသဘောထားအရ ပဲလောက၏ စူပါ ပွဲစားကြီး
( ၆ )ဦးကို လေရောင်း လေ၀ယ်များ ကြိုပွိင့်များ ပြုလုပ်ခြင်းကို ခွင့်မပြု
တော့ဘဲ နားခိုင်း လိုက်ကြောင်း သတင်းရရှိပါသည်။ လက်တွေ့ စူပါ
ပွဲစားကြီးများ၏ လက်ဝါးကြီးအုပ်မှု ရှိ၊ မရှိကိုစောင့်ကြည့် ရပေအုံးမည်။

Subscribe to:
Posts (Atom)