Wednesday, October 3, 2012
ကုန်သွယ်မှုတက်အောင်ဘယ်လိုလုပ်မလဲ ?
ယခုကာလများ ကမ္ဘာ့နိုင်ငံအများစုတွင် စီးပွားရေးကျဆင်းနေသည်
အလားတူ မြန်မာနိုင်ငံတွင်လည်း ကုန်သွယ်မှု ပမာဏ လျော့ကျလာကြောင်း
ပြောဆိုသံများကြားနေရသည် ဘာကြောင့်ဖြစ်ရသည်ကို လေ့လာဖော်ထုတ်
ရန်လိုသည်။
မြန်မာ့ ပို့ကုန်များ ဈေးကွက်ပျောက်သွားလို့လား ?
ပုံမှန်ထုတ်လုပ် တင်ပို့ နိုင်ပါလျက် ပေါက်ဈေး နည်းပါးသွားခြင်း
ကြောင့်လား ရာသီဥတု ဖောက်ပြန်မှု အခြားအကြောင်း အရာများကြောင့်
ယခင်နှစ်လောက် မထွက်တော့တာလား?
သေချာတာကတော့ အရောင်းအ၀ယ်ပါး ၀ယ်လိုအားနည်း ပြည်သူ
အများစု စီးပွားရေး မချောင်လည်တာကတော့ လက်တွေ့အမှန်ဖြစ်သည်။
စီးပွားရေးကောင်းမှ ကုန်သွယ်ရေးကောင်းမှ ၀င်ငွေ တိုးပွားပြီး
ပြည်သူအများ အဆင်ပြေချောမွေ့မည်ဖြစ်သည်။ ထို့ကြောင့် ကုန်သွယ်မှု
တက်အောင် လုပ်ရန် မည်သူ့တွင် တာဝန်ရှိသလဲ ?
အားလုံးနှင့်ဆိုင်သည် အဓိက တာဝန်အရှိဆုံးမှာ ကုန်သွယ်မှုကို
ထိန်းကျောင်းပေးနေသောအစိုးရဌာနများနှင့်ပုဂ္ဂလိက ကဏ္ဍကိုထိန်းကျောင်း
ပေးနေသော ကုန်သည်ကြီး အသင်းတို့ဖြစ်သည်။ဤပု စ္ဆာအတွက် အဖြေမှန်
ရရှိရန် အထူးအရေးကြီးသည် အားလုံး၏ သဘောထားများကို အသွင်သစ်က
ဖိတ်ခေါ်လိုက်ပါသည်။ အပြုသဘောဖြင့် အကြံပေးစေလိုပါသည်။
တစ်ဆင့်ခံ ကုန်သွယ်မှုများ နည်းလမ်းတကျ ဖြစ်ရန်လို
ယခုအခါ မြန်မာနိုင်ငံကို ဖြတ်သန်း၍ အခြား အိမ်နီးနားချင်း နိုင်ငံများသို့
ကုန်ပစ္စည်းများတင်ပို့ခြင်း၊တင်သွင်းခြင်းများ များပြားလာရာ တစ်ဆင့်ခံ
ကုန်သွယ်မှုစနစ်သည် မြန်မာနိုင်ငံအတွင်း စားသုံးရန်၊သုံးစွဲရန်မဟုတ်ဘဲ
တတိယနိုင်ငံသို့ ဆက်လက် တင်ပို့ခြင်းဖြစ်သဖြင့် နယ်စပ်ဂိတ်ပေါက်
များတွင် နှစ်နိုင်ငံ အကောက်ခွန် ဌာနများက စနစ်တကျ စစ်ဆေးပြီး
၎င်းကုန်ပစ္စည်းများကို မြန်မာနိုင်ငံသား သယ်ယူပို့ဆောင်ရေး လုပ်ကိုင်
ခွင့်ရှိသည့် ကုမ္ပဏီများကသယ်ဆောင်ပေးခြင်း ဖြစ်ပါသည်။ သို့ရာတွင်
ထိုကဲ့သို့ ဆောင်ရွက်ရာ၌ တင်ပို့သည့် နိုင်ငံနှင့် တင်သွင်းသည့် နိုင်ငံ
တို့၏ လိုအပ်သော အထောက်အထား စာရွက်စာတမ်းများ ပြည်စုံရ
မည်ဖြစ်ပြီး နည်းလမ်းတကျ ထိုနိုင်ငံများမှ တင်ပို့ တင်သွင်းခွင့်များ
အမှန်တကယ် ရရှိထားရန် လိုအပ်ပါသည်။ မြန်မာ ကုန်သည်များ
အနေဖြင့် တဆင့်ခံ ကုန်သွယ်မှုဟု အမည်တပ်ပြီး မိမိကိုယ်တိုင်က
ဝယ်ယူခြင်း၊ ရောင်းချခြင်းများ ပြုလုပ်နေကြကြောင်း တစ်ဖက်နိုင်ငံ
များ၏ စာရွက် စာတမ်းများမှာ မှန်ကန်မှု မရှိကြောင်း ကြားသိနေရ
သဖြင့် တင်ပို့ တင်သွင်းသော ကုန်ပစ္စည်းများ၏ အရည်အသွေးနှင့်
ပတ်သက်၍ ပြဿနာဖြစ်ပွားလာခဲ့ပါက ဖြေရှင်းရခက်ခဲမည်ဖြစ်သဖြင့်
စည်းမျဉ်း စည်းကမ်းနှင့်အညီ ဆောင်ရွက်သင့်ကြောင်း ကုန်သွယ်ရေး
ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားပါသည်။
မြန်မာ - ထိုင်း ကုန်သွယ်ရေး ပူးတွဲကော်မရှင် အစည်းအဝေး ကျင်းပရန်ရှိ
မြန်မာနှင့် ထိုင်း ကုန်သွယ်ရေးပူးတွဲ ကော်မရှင် အစည်းအဝေးကို
၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌
ကျင်းပမည်ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ ထိုင်းစီးပွားရေးသံမှူးကပြောကြား
ပါသည်။၎င်းအစည်းအဝေးတွင်ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံ၏ရင်းနှီးမြှပ်နှံမှု
ဥပဒေသစ်အရ ထိုင်း စီးပွားရေးလုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံမှု အခွင့်
ကောင်းများ ရယူနိုင်ရေးအတွက် ဆွေးနွေးမည်ဖြစ်ကြောင်းနှင့် မြန်မာ
နှင့်ထိုင်းအကြားနယ်စပ်ကုန်သွယ်ရေးကိစ္စရပ်များ၊ ပုံမှန်ကုန်သွယ်ရေး
ကိစ္စရပ်များ ထိုင်းနိုင်ငံတွင် လာရောက် အလုပ်လုပ်ကိုင်နေသော
မြန်မာ အလုပ်သမားများ၏ ကိစ္စရပ်များကို ဆွေးနွေးမည်ဖြစ်ကြောင်း
မြန်မာ ဘက်မှလည်း နယ်စပ်ကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ်များကို
ဆွေးနွေးရန် အစီအစဉ် ရှိသည်ဟု သိရကြောင်း ပြောကြားပါသည်။
ထို့ကြောင့် မြန်မာ - ထိုင်းကုန်သွယ်မှုတိုးတက်ရေးအတွက် ဆွေးနွေး
ကြဖွယ်ရှိကြောင်း သတင်းရရှိပါသည်။
Subscribe to:
Posts (Atom)