ကြိုဆိုပါတယ် ..

အသွင်သစ် ဘလော့မှ နွေးထွေးလှိုက်လှဲစွာကြိုဆိုပါတယ် ..... ရွှင်လန်းချမ်းမြေ့ပါစေ ...

Wednesday, October 3, 2012

မြန်မာ - ထိုင်း ကုန်သွယ်ရေး ပူးတွဲကော်မရှင် အစည်းအဝေး ကျင်းပရန်ရှိ











မြန်မာနှင့်   ထိုင်း  ကုန်သွယ်ရေးပူးတွဲ   ကော်မရှင်   အစည်းအဝေးကို
၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌
ကျင်းပမည်ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ ထိုင်းစီးပွားရေးသံမှူးကပြောကြား
ပါသည်။၎င်းအစည်းအဝေးတွင်ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံ၏ရင်းနှီးမြှပ်နှံမှု
ဥပဒေသစ်အရ  ထိုင်း  စီးပွားရေးလုပ်ငန်းရှင်များ  ရင်းနှီးမြှုပ်နှံမှု အခွင့်
ကောင်းများ ရယူနိုင်ရေးအတွက်  ဆွေးနွေးမည်ဖြစ်ကြောင်းနှင့် မြန်မာ
နှင့်ထိုင်းအကြားနယ်စပ်ကုန်သွယ်ရေးကိစ္စရပ်များ၊  ပုံမှန်ကုန်သွယ်ရေး
ကိစ္စရပ်များ    ထိုင်းနိုင်ငံတွင်  လာရောက်    အလုပ်လုပ်ကိုင်နေသော
မြန်မာ အလုပ်သမားများ၏  ကိစ္စရပ်များကို  ဆွေးနွေးမည်ဖြစ်ကြောင်း
မြန်မာ ဘက်မှလည်း    နယ်စပ်ကုန်သွယ်ရေးဆိုင်ရာ   ကိစ္စရပ်များကို
ဆွေးနွေးရန်  အစီအစဉ် ရှိသည်ဟု   သိရကြောင်း  ပြောကြားပါသည်။
ထို့ကြောင့် မြန်မာ - ထိုင်းကုန်သွယ်မှုတိုးတက်ရေးအတွက် ဆွေးနွေး
ကြဖွယ်ရှိကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment