ကြိုဆိုပါတယ် ..

အသွင်သစ် ဘလော့မှ နွေးထွေးလှိုက်လှဲစွာကြိုဆိုပါတယ် ..... ရွှင်လန်းချမ်းမြေ့ပါစေ ...

Thursday, September 6, 2012

မရှိသင့်တော့သော မန္တလေး(၁၆)မိုင်ဂိတ်











 
ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရေး
ဆောင်ရွက်လျှက်ရှိရာ      နယ်စပ် ၀င်ပေါက်တွင်သာ       စစ်ဆေးရေး
ဂိတ်များထားရှိပြီးသက်ဆိုင်သည့်ဌာန ပူးပေါင်းအဖွဲ့များဖြင့် စနစ်တကျ
စစ်ဆေး၍  လျင်မြန်လွယ်ကူချောမွေ့စေရေး  ယခင်စနစ်များကို  ပြုပြင်
ပြောင်းလဲပေးခဲ့ပြီးဖြစ်ပါသည်။နိုင်ငံတကာတွင်လည်း နယ်စပ် ၀င်ထွက်
ဂိတ်များမှ  လွဲ၍   လမ်းတစ်လျှောက်တွင်ခိုင်လုံသော သတင်းအရရှာဖွေ
ခြင်းမှလွဲ၍ လွတ်လပ်စွာကူးသန်းသွားလာနိုင်ကြောင်းတွေ့ရှိရပါသည်။
သို့ရာတွင်     ယခုအချိန်အထိ     စစ်ဆေးရေးဂိတ်များ   ပြည်တွင်းတွင်
ဖွင့်လှစ်ထားရှိကာ ယာဉ်တစ်စီးလုံးကို မြေလှန်စစ်ဆေးသည့်  စနစ်ဆိုး
အကျင့်ဆိုးမှာ  ကျန်ရှိနေသေးကြောင်း ကြားသိရပါသည်။  အထူးသဖြင့်
လုပ်ငန်းရှင်များနှင့်ယာဉ်မောင်းများ စိတ်အညစ်ရဆုံးလမ်းစစ်ဆေးရေး
ဂိတ်မှာမန္တလေးမှ   ပြင်ဦးလွင်သို့ အထွက် ( ၁၆ )မိုင်ဂိတ် ဖြစ်ကြောင်း 
ရင်ဖွင့်သံများကိုမျှဝေလိုက်ပါသည်။

ကုန်သည်နှစ်ဖွဲ့ စားခွက် စားကျက် လုနေကြပြီလား






















ကုန်စည်ဒိုင်များကို မြန်မာနိုင်ငံတလွှား ဖွင့်လှစ်ခဲ့ပြီး ကုန်ဈေးနှုန်းတည်ငြိမ်ရေး
ကုန်သွယ်မှု စည်းစနစ်ကျန မှန်ကန်စေရေး  ရှိပြီးဖြစ်သည့်  ကုန်သည်ကြီးများ
အသင်းခွဲများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်ချက် မြင့်မြင့်မားမား
ထားရှိခဲ့သော်လည်း တရုတ် နယ်စပ်ဒေသရှိ  ကုန်စည်ဒိုင်နှင့်  ကုန်သည်ကြီး
အသင်းခွဲတို့မှာ  အချင်းချင်း   မညီမညွတ်  ဖြစ်လျှက်ရှိကြောင်း  ကုန်သွယ်မှု
လျင်မြန်ချောမွေ့စေရေးအတွက် ပူးပေါင်း အကောင်အထည်ဖော်ရမည့်အစား
တစ်ဗိုလ်တစ်မင်း ရပ်တည်ကာ စားခွက်လု စားကျက်လု လျှက်ရှိကြောင်းကြား
သိရပါသည်။ထို့ကြောင့်တရုတ်နယ်စပ်ကုန်သွယ်ရေးနှင့် လုပ်စားနေကြသော
ကုန်သည်များ မော်တော်ယာဉ်လိုင်းများဆက်စပ်ပတ်သက်သူများမှာ သူပိုင်ရာ
ကိုယ်ဆိုင်ရာ ချဉ်းကပ်မှုများဖြင့် လုပ်စားနေကြရကြောင်း စားခွက်လုပွဲကြီးတွင်
ဦးသူ လျင်သူက စားနေကြပြီဖြစ်ကြောင်း သိရှိရပါသည်။