ကြိုဆိုပါတယ် ..

အသွင်သစ် ဘလော့မှ နွေးထွေးလှိုက်လှဲစွာကြိုဆိုပါတယ် ..... ရွှင်လန်းချမ်းမြေ့ပါစေ ...

Thursday, September 6, 2012

မရှိသင့်တော့သော မန္တလေး(၁၆)မိုင်ဂိတ်











 
ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရေး
ဆောင်ရွက်လျှက်ရှိရာ      နယ်စပ် ၀င်ပေါက်တွင်သာ       စစ်ဆေးရေး
ဂိတ်များထားရှိပြီးသက်ဆိုင်သည့်ဌာန ပူးပေါင်းအဖွဲ့များဖြင့် စနစ်တကျ
စစ်ဆေး၍  လျင်မြန်လွယ်ကူချောမွေ့စေရေး  ယခင်စနစ်များကို  ပြုပြင်
ပြောင်းလဲပေးခဲ့ပြီးဖြစ်ပါသည်။နိုင်ငံတကာတွင်လည်း နယ်စပ် ၀င်ထွက်
ဂိတ်များမှ  လွဲ၍   လမ်းတစ်လျှောက်တွင်ခိုင်လုံသော သတင်းအရရှာဖွေ
ခြင်းမှလွဲ၍ လွတ်လပ်စွာကူးသန်းသွားလာနိုင်ကြောင်းတွေ့ရှိရပါသည်။
သို့ရာတွင်     ယခုအချိန်အထိ     စစ်ဆေးရေးဂိတ်များ   ပြည်တွင်းတွင်
ဖွင့်လှစ်ထားရှိကာ ယာဉ်တစ်စီးလုံးကို မြေလှန်စစ်ဆေးသည့်  စနစ်ဆိုး
အကျင့်ဆိုးမှာ  ကျန်ရှိနေသေးကြောင်း ကြားသိရပါသည်။  အထူးသဖြင့်
လုပ်ငန်းရှင်များနှင့်ယာဉ်မောင်းများ စိတ်အညစ်ရဆုံးလမ်းစစ်ဆေးရေး
ဂိတ်မှာမန္တလေးမှ   ပြင်ဦးလွင်သို့ အထွက် ( ၁၆ )မိုင်ဂိတ် ဖြစ်ကြောင်း 
ရင်ဖွင့်သံများကိုမျှဝေလိုက်ပါသည်။

ကုန်သည်နှစ်ဖွဲ့ စားခွက် စားကျက် လုနေကြပြီလား






















ကုန်စည်ဒိုင်များကို မြန်မာနိုင်ငံတလွှား ဖွင့်လှစ်ခဲ့ပြီး ကုန်ဈေးနှုန်းတည်ငြိမ်ရေး
ကုန်သွယ်မှု စည်းစနစ်ကျန မှန်ကန်စေရေး  ရှိပြီးဖြစ်သည့်  ကုန်သည်ကြီးများ
အသင်းခွဲများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်ချက် မြင့်မြင့်မားမား
ထားရှိခဲ့သော်လည်း တရုတ် နယ်စပ်ဒေသရှိ  ကုန်စည်ဒိုင်နှင့်  ကုန်သည်ကြီး
အသင်းခွဲတို့မှာ  အချင်းချင်း   မညီမညွတ်  ဖြစ်လျှက်ရှိကြောင်း  ကုန်သွယ်မှု
လျင်မြန်ချောမွေ့စေရေးအတွက် ပူးပေါင်း အကောင်အထည်ဖော်ရမည့်အစား
တစ်ဗိုလ်တစ်မင်း ရပ်တည်ကာ စားခွက်လု စားကျက်လု လျှက်ရှိကြောင်းကြား
သိရပါသည်။ထို့ကြောင့်တရုတ်နယ်စပ်ကုန်သွယ်ရေးနှင့် လုပ်စားနေကြသော
ကုန်သည်များ မော်တော်ယာဉ်လိုင်းများဆက်စပ်ပတ်သက်သူများမှာ သူပိုင်ရာ
ကိုယ်ဆိုင်ရာ ချဉ်းကပ်မှုများဖြင့် လုပ်စားနေကြရကြောင်း စားခွက်လုပွဲကြီးတွင်
ဦးသူ လျင်သူက စားနေကြပြီဖြစ်ကြောင်း သိရှိရပါသည်။

Wednesday, September 5, 2012

အလုပ်မဖြစ်သည့် ကုန်သည်အသင်း ဥက္ကဌများ နားသင့်ပြီ








မြန်မာနိုင်ငံ ကုန်သည်ကြီးများ အသင်း၏  လက်အောက်တွင်  ရှိသော
ပြည်နယ်နှင့်တိုင်းအသီးသီးမှ     ကုန်သည်ကြီးများ     အသင်းခွဲများ၏  
ဥက္ကဌ  အချို့မှာ  ဥက္ကဌ  တာဝန်ကို  နှစ်ရှည်လများ    ဆုပ်ကိုင်ထားပြီး 
အသင်း၏  တိုးတက်ရာ   တိုးတက်ကြောင်းများကို  ဆောင်ရွက်နိုင်ခြင်း  
မရှိဘဲ   ကိုယ်အကျိုး   စီးပွားကိုသာ  ဆောင်ရွက် နေခြင်းကြောင့်  ၄င်း
နယ်မြေရှိ   စီးပွားရေးလုပ်ငန်းရှင်များနှင့်  ပြည်သူများအတွက်  များစွာ
နစ်နာစေကြောင်းဖြစ်နိုင်ပါက၄င်းတို့ကိုလဲလှယ်ပေးသင့်ပြီဖြစ်ကြောင်း
ဝေဖန်ပြောကြားမှုများ   ကြားသိရပါသည်။ အထူးသဖြင့်  နယ်စပ်ဒေသ
များတွင်  ပြုပြင်  ပြောင်းလဲမှုများ  အမြန်ဖြစ်ပေါ်  စေလိုသည့်  ဆန္ဒများ
ရှိကြောင်း  သိရှိရပါသည်။   အမှန်တကယ်   ပြည်သူ့  အကျိုးပြုလုပ်ငန်း
များကို     စိတ်စေတနာပါပါဖြင့်    ဆောင်ရွက်နိုင်ပါက   ထိုဥက္ကဌမျိုးကို
လက်ခံကြောင်း  လက်ရှိ   ဥက္ကဌများမှာ မိမိအကျိုးကို ဖန်တီးရယူနေသူ
များဖြစ်ကြောင်းကြားသိရပါသည်။

ကုန်သည်များ သစ္စာတရား ရှိရန် လိုအပ်











မြန်မာနိုင်ငံမှ ၀ိသမသား ကုန်သည်တချို့သည် နိုင်ငံတော်မှ အလိုအလျှောက်
လိုင်စင်စနစ် ခွင့်ပြုပေးပြီးနောက် လိုင်စင်လျှောက်ထားရာတွင် ဈေးနှုန်းများကို
စိစစ်ခြင်း၊  မပြုတော့သည့်အတွက်  ပုံမှန်  လျှောက်နေကြ   ကုန်ပစ္စည်းများ၏
ဈေးနှုန်းကို ၇၀% ခန့်အထိ လျော့ချလျက် လျှောက်ထား လာကြောင်းတွေ့ရှိ
ရသည့် အတွက် သက်ဆိုင်ရာ  ကုန်သွယ်ရေးဌာနက  အဆိုပါ  ကုမ္ပဏီများကို
မှန်မှန် ကန်ကန်ေ ဈးနှုန်းစာရင်း   ဖော်ပြကြရန်နှင့်   မမှန်မကန်   လိမ်လည်
လျှောက်ထား  မှုများကို   ပြန်လည်  ဖော်ထုတ်သိရှိ   ခဲ့ပါက  ဥပဒေနှင့် အညီ
အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း၊  နိုဝင်ဘာလအထိ  သတိပေး  စည်းရုံး
ဆောင်ရွက်မှုသာ ဆောင်ရွက်မည်ဖြစ်သော်လည်း၊  နောင်တွင်  ထိရောက်စွာ
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

e-Government လုပ်ငန်းများ ပိုမိုသွက်လက် မြန်ဆန်ရန်လိုအပ်










           ၂၀၁၅  ခုနှစ်တွင်   အာဆီယံ   အဖွဲ့ဝင်   နိုင်ငံများအတွင်း   အာဆီယံ
အသိုက်အမြုံကိုထူထောင်တော့မည်ဖြစ်ရာ နိုင်ငံအသီးသီးသည် အချင်းချင်း ပိုမို
ရင်းနှီးစွာဆက်ဆံရေးနှင့်လုပ်ငန်းလွယ်ကူမြန်ဆန်ရေးအတွက် e-Government
ယန္တရားကို  ထူထောင် လည်ပတ် တော့မည်ဖြစ်ရာ   အစိုးရဌာနများ  အနေဖြင့်
အသင့်ဖြစ်ရေးဆောင်ရွက်ရန် လိုအပ်လျှက်ရှိပြီ ဖြစ်ပါသည်။
          ယခုချိန်ထိ အရိုးစွဲလျက်ရှိသော ကြိုးနီစနစ်များ  မလိုအပ်သော စာရွက်
စာတမ်းများ လျော့ချပြီး အဆင့်အလိုက် တာဝန်ယူမှုဖြင့် ဆောင်ရွက်ရတော့မည်
ဖြစ်ရာ IT ခေတ်တွင် ပေါ့ပါး လွယ်ကူ မြန်ဆန်သော ဆက်သွယ်ရေးစနစ်များဖြင့်
အချိန်တိုအတွင်း  အလုပ်ဖြစ်မည့်  လုပ်နည်းစနစ်ကို   ပြောင်းလဲပြင်ဆင်ရတော့
မည်ဖြစ်ပါသည်။  မည်သည့်   ဌာနများက     ရှေ့ရောက်ပြီး၊   e-Government
စနစ်ကို  အကောင်အထည်ဖော်နေကြောင်း  စုံစမ်းတီးခေါက်ရာ  ကုန်သွယ်ရေး၊
သိပ္ပံနည်းပညာ၊ စီမံစီးပွား  စသော  ဌာနများက  လက်တွေ့   အကောင်အထည်
ဖော်နေပြီဖြစ်ကြောင်း သိရှိရပါသည်။

နိုင်ငံခြားသားများ၏ မျှော်လင့်ချက်











မြန်မာနိုင်ငံသည် သယံဇာတ ပေါကြွယ်ဝပြီး လုပ်သားအရင်းအမြစ် ရှိခြင်း၊
ပထ၀ီ အနေအထားအရ အချက်အခြာ ကျခြင်းတို့ကြောင့်  နိုင်ငံခြားသား
များ၏ စီးပွားရေးအခွင့်အလမ်းများပြားသော နိုင်ငံအဖြစ်  မျက်စိကျလျှက်
ရှိသော်လည်း   နိုင်ငံခြား  ရင်းနှီးမြှုပ်နှံမှု  ဥပဒေ  အတည် မဖြစ်သေးခြင်း၊
နိုင်ငံခြားသားများ   ပြည်တွင်းတွင်  ကုန်သွယ်ခွင့်   မရသေးခြင်း  ဖတ်စပ်
ဆောင်ရွက်ရန်    စိတ်ချရသော   ပြည်တွင်း    မိတ်ဆွေများ    ရှာဖွေရန်
အထောက် အကူမရရှိခြင်း တို့ကြောင့် အမှန်တကယ် စီးပွားရေးလုပ်ငန်း
များအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ဖော်ပြပါ အချက်များအပေါ်
ထင်သာ မြင်သာရှိသော တုံ့ပြန်မှုများမျှော်လင့်နေကြောင်းသိရှိရပါသည်။


ထန်းပင်တွေ ကုန်တော့မယ်

 








     အညာတစ်ဝိုက် ပေါပေါများများ ပေါက်ခဲ့တဲ့ ထန်းပင်တွေ
ယခုအခါ စီးပွားရေး သောင်းကျန်းတဲ့ ကုမ္ပဏီ တစ်ချို့ကြောင့်
ခုတ်လဲပြီး ပြည်ပ ပို့တော့မယ် ဖြစ်ကြောင်းသိရတယ်။
     ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အလေးထားနေတဲ့
အချိန်မှာမလိုအပ်ဘဲထန်းပင်တွေ ခုတ်လှဲတင်ပို့ခြင်းအတွက်
သက်ဆိုင်တဲ့ ဌာနတွေက မျက်ကွယ်မပြုဘဲ သေချာစိစစ်သင့်
ကြောင်း၊ ပြောဆိုဝေဖန်သံတွေ ကြားနေရပါတယ်။သစ်တော
ဌာနနဲ့ ကုန်သွယ်ရေးဌာနတွေအပြင် ဒေသ အာဏာပိုင်တွေ
ကပါ မျက်ကွယ်ပြုမထားသင့်ကြောင်း၊ ဘီယာတွေပေါလာ
ပေမဲ့ ထန်းရည်နဲ့ ထန်းလျက်ခဲဟာ ရိုးရာဖြစ်ကြောင်း၊ အညာ
သားတွေက ရင်ဖွင့်နေကြောင်းသိရပါတယ်။
    

Monday, September 3, 2012

ဆိုင်ကယ် နယ်ပြောင်း ငွေ တစ်သောင်း










ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ဆိုင်ကယ်များကို
မှတ်ပုံတင်ခြင်း အလုပ်အား နေ့ခြင်းပြီး စနစ်ဖြင့် မြို့နယ်အရောက်
ကွင်းဆင်း  ဆောင်ရွက်  ပေးလျက်ရှိရာ  တစ်မြို့နယ်အတွက်  စီမံ
ချက်ပါ  ရက်အတွင်း  မှတ်ပုံမတင်  လိုက်နိုင်သော   ဆိုင်ကယ်များ
အခြား မြို့နယ်သို့  လိုက်ပါ  မှတ်ပုံ  တင်ကြရာတွင်  ၀န်ဆောင်ခ
အရပ်အခေါ်  ဘော်ဒါကြေး တစ်သောင်း  ကျပ်တိတိကို ဆိုင်ကယ်
ပိုင်ရှင်၏     မေတ္တာ၊   စေတနာ  ဖြင့်    ပံ့ပိုးကြေး အဖြစ်  ပေးအပ်
သည်ကို   လိုင်စင်ဆောင်ရွက်   ပေးသူများက   မြန်မာ လူမျိုးများ
ဖြစ်သည့်အတွက်   အားနာ မှုအရ လက်ခံ  ရယူ  ဆောင်ရွက်ပေး
လျှက်ရှိကြောင်း သိရှိရပါသည်။

ရေကြီးလို့ ဆန်ရှားတော့မှာလား ဗျို့!!!


 










မြန်မာနိုင်ငံရဲ့ ဆန်အိုးကြီးဖြစ်တဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသကြီး
တစ်ခုလုံးရေမြှုပ်နေတဲ့အပြင် ရန်ကုန်၊ ပဲခူး စတဲ့ ဒေသတွေမှာလည်း
လယ်တွေရေမြှုပ်နေလို့စပါးပေါ်ချိန်မှာစပါးအထွက်နည်းပြီး၊ဆန်ရှား
မယ်လို့လူတွေစိုးရိမ်တကြီးဖြစ်နေကြတယ်၊ဆန်ဈေးကလည်းတက်ဖို့
အရိပ်အရောင်ပြလာတယ်။ ကုန်သွယ်ရေးကလည်းအိတ်စပို့ဆန်တွေ
ခွင့်ပြုနေတယ်။ ဒါ့ကြောင့်ဆန်သစ်ပေါ်မဲ့ အောက်တိုဘာ၊ နိုဝင်ဘာလ
မတိုင်မီဆန်စုထားတာ မမှားဖူးလို့ လူတွေက ထင်လာကြတယ်။ ဒါနဲ့
ပတ်သက်လို့ စိုက်ပျိုးရေးဌာနက ရေကြီးလယ်တွေအတွက် မျိုးစပါး
ထုတ်ပေးဖို့ အသင့်ဖြစ်နေကြောင်း သူတို့ရဲ့ကိန်းဂဏန်းစာရင်းတွေ
အရ စပါး ရှားပါးဖို့ မရှိကြောင်း ကုန်သွယ်ရေးဌာနကလည်း နိုင်ငံတော်
မှာ လိုအပ်ခဲ့ရင် စက်တင်ဘာ၊ အောက်တိုဘာ လတွေမှာ ဆန်အိတ်စ
ပို့ကို ဆန်တင်ပို့နေတဲ့ ကုန်သည်ကြီးတွေနဲ့ ညှိနှိုင်းပြီး ထိမ်းကျောင်း
ပေးနိုင်ကြောင်း သိရှိရပါတယ်။ ကဲနေ့စဉ် ဆန်ကိုဘဲ အားပြုစားနေ
ကြတဲ့ ဒို့မြန်မာတွေသူတို့ပြောတဲ့အတိုင်း ဖြစ်၊ မဖြစ်အခြေအနေကို
စောင့်ကြည့် လိုက်ရအောင်!!!!!!

ပဲလောကမှ စူပါ ပွဲစားများ နားရပြီ


ပဲလောကတွင် အရောင်းအ၀ယ်များ ပြုလုပ်ရာ၌ လေရောင်း လေ၀ယ်ဖြင့်
ပွဲစားများ လှုပ်ရှားကြိုးကိုင်မှုကြောင့်  ပဲဈေးများ  ကမောက်ကမ  ဖြစ်ကာ
ဘ၀ပျက် သွားသူများ ယခင်ကတည်းကရှိခဲ့ပြီး ယခုလည်း ထိုသို့ ဖြစ်နိုင်
ခြေများ များပြားနေသည့်အတွက်  ပဲကုန်သည်များ  အသင်းနှင့်  ပဲတင်ပို့
ရောင်းချသူများ၏   ဆန္ဒသဘောထားအရ  ပဲလောက၏  စူပါ  ပွဲစားကြီး
( ၆ )ဦးကို  လေရောင်း လေ၀ယ်များ  ကြိုပွိင့်များ  ပြုလုပ်ခြင်းကို  ခွင့်မပြု
တော့ဘဲ  နားခိုင်း  လိုက်ကြောင်း  သတင်းရရှိပါသည်။   လက်တွေ့ စူပါ
ပွဲစားကြီးများ၏ လက်ဝါးကြီးအုပ်မှု ရှိ၊ မရှိကိုစောင့်ကြည့် ရပေအုံးမည်။