
မြန်မာနိုင်ငံရဲ့ ဆန်အိုးကြီးဖြစ်တဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသကြီး
တစ်ခုလုံးရေမြှုပ်နေတဲ့အပြင် ရန်ကုန်၊ ပဲခူး စတဲ့ ဒေသတွေမှာလည်း
လယ်တွေရေမြှုပ်နေလို့စပါးပေါ်ချိန်မှာစပါးအထွက်နည်းပြီး၊ဆန်ရှား
မယ်လို့လူတွေစိုးရိမ်တကြီးဖြစ်နေကြတယ်၊ဆန်ဈေးကလည်းတက်ဖို့
အရိပ်အရောင်ပြလာတယ်။ ကုန်သွယ်ရေးကလည်းအိတ်စပို့ဆန်တွေ
ခွင့်ပြုနေတယ်။ ဒါ့ကြောင့်ဆန်သစ်ပေါ်မဲ့ အောက်တိုဘာ၊ နိုဝင်ဘာလ
မတိုင်မီဆန်စုထားတာ မမှားဖူးလို့ လူတွေက ထင်လာကြတယ်။ ဒါနဲ့
ပတ်သက်လို့ စိုက်ပျိုးရေးဌာနက ရေကြီးလယ်တွေအတွက် မျိုးစပါး
ထုတ်ပေးဖို့ အသင့်ဖြစ်နေကြောင်း သူတို့ရဲ့ကိန်းဂဏန်းစာရင်းတွေ
အရ စပါး ရှားပါးဖို့ မရှိကြောင်း ကုန်သွယ်ရေးဌာနကလည်း နိုင်ငံတော်
မှာ လိုအပ်ခဲ့ရင် စက်တင်ဘာ၊ အောက်တိုဘာ လတွေမှာ ဆန်အိတ်စ
ပို့ကို ဆန်တင်ပို့နေတဲ့ ကုန်သည်ကြီးတွေနဲ့ ညှိနှိုင်းပြီး ထိမ်းကျောင်း
ပေးနိုင်ကြောင်း သိရှိရပါတယ်။ ကဲနေ့စဉ် ဆန်ကိုဘဲ အားပြုစားနေ
ကြတဲ့ ဒို့မြန်မာတွေသူတို့ပြောတဲ့အတိုင်း ဖြစ်၊ မဖြစ်အခြေအနေကို
စောင့်ကြည့် လိုက်ရအောင်!!!!!!
No comments:
Post a Comment