Thursday, September 6, 2012
ကုန်သည်နှစ်ဖွဲ့ စားခွက် စားကျက် လုနေကြပြီလား
ကုန်စည်ဒိုင်များကို မြန်မာနိုင်ငံတလွှား ဖွင့်လှစ်ခဲ့ပြီး ကုန်ဈေးနှုန်းတည်ငြိမ်ရေး
ကုန်သွယ်မှု စည်းစနစ်ကျန မှန်ကန်စေရေး ရှိပြီးဖြစ်သည့် ကုန်သည်ကြီးများ
အသင်းခွဲများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်ချက် မြင့်မြင့်မားမား
ထားရှိခဲ့သော်လည်း တရုတ် နယ်စပ်ဒေသရှိ ကုန်စည်ဒိုင်နှင့် ကုန်သည်ကြီး
အသင်းခွဲတို့မှာ အချင်းချင်း မညီမညွတ် ဖြစ်လျှက်ရှိကြောင်း ကုန်သွယ်မှု
လျင်မြန်ချောမွေ့စေရေးအတွက် ပူးပေါင်း အကောင်အထည်ဖော်ရမည့်အစား
တစ်ဗိုလ်တစ်မင်း ရပ်တည်ကာ စားခွက်လု စားကျက်လု လျှက်ရှိကြောင်းကြား
သိရပါသည်။ထို့ကြောင့်တရုတ်နယ်စပ်ကုန်သွယ်ရေးနှင့် လုပ်စားနေကြသော
ကုန်သည်များ မော်တော်ယာဉ်လိုင်းများဆက်စပ်ပတ်သက်သူများမှာ သူပိုင်ရာ
ကိုယ်ဆိုင်ရာ ချဉ်းကပ်မှုများဖြင့် လုပ်စားနေကြရကြောင်း စားခွက်လုပွဲကြီးတွင်
ဦးသူ လျင်သူက စားနေကြပြီဖြစ်ကြောင်း သိရှိရပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment