Thursday, September 6, 2012
မရှိသင့်တော့သော မန္တလေး(၁၆)မိုင်ဂိတ်
ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရေး
ဆောင်ရွက်လျှက်ရှိရာ နယ်စပ် ၀င်ပေါက်တွင်သာ စစ်ဆေးရေး
ဂိတ်များထားရှိပြီးသက်ဆိုင်သည့်ဌာန ပူးပေါင်းအဖွဲ့များဖြင့် စနစ်တကျ
စစ်ဆေး၍ လျင်မြန်လွယ်ကူချောမွေ့စေရေး ယခင်စနစ်များကို ပြုပြင်
ပြောင်းလဲပေးခဲ့ပြီးဖြစ်ပါသည်။နိုင်ငံတကာတွင်လည်း နယ်စပ် ၀င်ထွက်
ဂိတ်များမှ လွဲ၍ လမ်းတစ်လျှောက်တွင်ခိုင်လုံသော သတင်းအရရှာဖွေ
ခြင်းမှလွဲ၍ လွတ်လပ်စွာကူးသန်းသွားလာနိုင်ကြောင်းတွေ့ရှိရပါသည်။
သို့ရာတွင် ယခုအချိန်အထိ စစ်ဆေးရေးဂိတ်များ ပြည်တွင်းတွင်
ဖွင့်လှစ်ထားရှိကာ ယာဉ်တစ်စီးလုံးကို မြေလှန်စစ်ဆေးသည့် စနစ်ဆိုး
အကျင့်ဆိုးမှာ ကျန်ရှိနေသေးကြောင်း ကြားသိရပါသည်။ အထူးသဖြင့်
လုပ်ငန်းရှင်များနှင့်ယာဉ်မောင်းများ စိတ်အညစ်ရဆုံးလမ်းစစ်ဆေးရေး
ဂိတ်မှာမန္တလေးမှ ပြင်ဦးလွင်သို့ အထွက် ( ၁၆ )မိုင်ဂိတ် ဖြစ်ကြောင်း
ရင်ဖွင့်သံများကိုမျှဝေလိုက်ပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment