Wednesday, August 29, 2012
အဆင်သင့်ဘဲ i am ready !
မြန်မာနိုင်ငံတော်သစ်၏ဦးဆောင်အစိုးရအဖွဲ့ဝင်များတွင်
ဝန်ကြီးများ၊ ဒုဝန်ကြီးများအဖြစ် မြန်မာနိုင်ငံ၏ စီးပွားရေး
လုပ်ငန်းရှင်များကို ခန့်အပ်မှုများ တွေ့မြင်လာရသည့်
အတွက်ယခုအခါ နိုင်ငံနှင့်ပြည်သူ့အကျိုးအတွက် စီးပွားရေး
လုပ်ငန်းရှင်များ ပါဝင်ဆောင်ရွက်နိုင်မည့် အခန်းကဏ္ဍ
သစ်နှင့် အခြေအနေသစ် ပေါ်ပေါက်လာကြောင်း၊
ထို့ကြောင့်ဤသို့အစိုးရဦးဆောာင်မှု ယန္တရားတွင်
ပါဝင်လိုသူများ နေရာရလိုသူများများပြားလာပြီးနောင်တွင်
ကိုယ်ကျိုးစီးပွားသက်သက်ထက် အများအကျိုးသယ်ပိုးရန်
ပိုမိုစိတ်ဝင်စားလာကြောင်း ကြားသိရပါသည်။
နိုင်ငံခြား ကြက်သား၊ ကြက်ဥဆို No (နိုး)
ယခုတလော ခေတ်မီတိုးတက်လာသည့်
Super Market ကြီးများတွင် ကြက်ဥနှင့်ကြက်သားများ
ပြည်ပမှတင်သွင်းရောင်းချမှုများရှိလာကြောင်းအေးခဲ
ထားသော ကြက်သားမျိုးစုံကိုအလွယ်တကူဝယ်ယူ
နိုင်လာကြောင်းသိရှိရပါသည်။ သို့ရာတွင် လက်ရှိ အခြေအနေတွင် မြန်မာနိုင်ငံ၌ ကြက်ဥနှင့်ကြက်သား
ထုတ်လုပ်မှုမှာ ပြည်တွင်း စားသုံးမှုကို ကျော်လွန်
နေသဖြင့် ပြည်တွင်း ကြက်ဥ ကြက်သားမွေးမြူ
ထုတ်လုပ်သူများ ဆက်လက်ရပ်တည်နိုင်ရေးအတွက် ပြည်ပမှနိုင်ငံခြား ကြက်သား
ကြက်ဥများ တင်သွင်းခြင်းကို ခွင့်မပြုသင့်ကြောင်း ကြက်မွေးမြူရေးဆိုင်ရာ အသေးစား
အလတ်စားဖွံ့ဖြိုးတိုးတက်ရေးအလုပ်ရုံဆွေးနွေးပွဲတွင်ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။
Super Market ကြီးများတွင် ကြက်ဥနှင့်ကြက်သားများ
ပြည်ပမှတင်သွင်းရောင်းချမှုများရှိလာကြောင်းအေးခဲ
ထားသော ကြက်သားမျိုးစုံကိုအလွယ်တကူဝယ်ယူ
နိုင်လာကြောင်းသိရှိရပါသည်။ သို့ရာတွင် လက်ရှိ အခြေအနေတွင် မြန်မာနိုင်ငံ၌ ကြက်ဥနှင့်ကြက်သား
ထုတ်လုပ်မှုမှာ ပြည်တွင်း စားသုံးမှုကို ကျော်လွန်
နေသဖြင့် ပြည်တွင်း ကြက်ဥ ကြက်သားမွေးမြူ
ထုတ်လုပ်သူများ ဆက်လက်ရပ်တည်နိုင်ရေးအတွက် ပြည်ပမှနိုင်ငံခြား ကြက်သား
ကြက်ဥများ တင်သွင်းခြင်းကို ခွင့်မပြုသင့်ကြောင်း ကြက်မွေးမြူရေးဆိုင်ရာ အသေးစား
အလတ်စားဖွံ့ဖြိုးတိုးတက်ရေးအလုပ်ရုံဆွေးနွေးပွဲတွင်ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။
ဌာနတွေ ပြောင်းမှာလား ပြင်မှာလား
နိုင်ငံတော်သမ္မတကြီးသည် ဒီမိုကရေစီနိုင်ငံတော်သစ်သို့အသွင်ပြောင်းလဲရေးအတွက်
ပြောင်းလဲခြင်းပြုပြင်ခြင်းများ အလေးထား ဆောင်ရွက်လျှက်ရှိရာပြည်ထောင်စုဝန်ကြီး၊ ဒုတိယ၀န်ကြီးများပြောင်းလဲခန့်အပ်ခြင်းကိုပင်ဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။
လွှတ်တော်အတွင်းတွင်လည်း ပြည်သူ့ကိုယ်စားလှယ်များဖြစ်သော လွှတ်တော်အမတ် များက၄င်းတို့ကို ရွေးချယ်တင်မြှောက်ထားသည့် ပြည်သူများ၏လိုအင်ဆန္ဒကို
ဆောင်ကျဉ်းပေးနိုင်ရေး မေးမြန်းတောင်းဆိုမှုများပြုလုပ်လျှက်ရှိပါသည်။
ပြည်သူများ၏လိုအင်ဆန္ဒများ၊ အခက်အခဲများကိုအကောင်းဆုံးညှိနှိုင်းပေါင်းစပ်
ဖြေရှင်းဆောင်ရွက်ပေးလျှက်ရှိရာ ဌာနဆိုင်ရာအသီးသီး၏ ဆောင်ရွက်ချက်များ
မှာလည်း ဥပဒေနှင့်အညီ ပြည်သူများ၏ လိုအပ်ချက်ကိုအတတ်နိုင်ဆုံး ဖြည့်ဆည်း
ပေးရန် ဖြစ်ပါသည်။ ထို့ကြောင့် မည်သည့် ပြည်သူ့အသံဖြစ်စေအလေးထားလျှက်
အမြန်ဆုံး အဆင်ပြေချောမွေ့စေရေး၊ မိမိဌာန၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ
ဆောင်ရွက်ပေးသင့်ပြီဖြစ်ပါသည်။ လက်ရှိလုပ်ထုံးလုပ်နည်းများသည် ဆောင်ရွက်
ပေးနိုင်ခြင်း မရှိ ပါကလည်း၊ နိုင်ငံတကာ၏ လုပ်နည်းလုပ်ဟန် အခြားနိုင်ငံများ၏
လုပ်နည်းစနစ်၊ မိမိနိုင်ငံ၏ အကျိုး စီးပွားတို့ကို တွက်ချက်ကာ ပြုပြင်ပြောင်းလဲရန်
လိုအပ်လျှင် အချိန်မဆိုင်း ဆောင်ရွက်သင့်ပြီဖြစ်ပါသည်။ သို့ရာတွင် အချို့သော
ဌာနများနှင့် ဌာနဆိုင်ရာ ၀န်ထမ်းများသည် ယခင်အကျင့်ဆိုး အကျင့်ဟောင်းများကို
စွန့်ပယ်နိုင်ခြင်း မရှိသေးဘဲ လက်ကိုင် ထားလျှက်ရှိသေးကြောင်း ကြားသိနေရပါ
သည်။ ထို့ကြောင့် ပြည်သူလူထုနှင့် ထိတွေ့နေရသော ဌာနများသည် ယခု အချိန်တွင် ပြောင်းမှာလား ပြင်မှာလား မဟုတ်တော့ဘဲ
ပြောင်းရမယ် ပြင်ရမယ် ဟူသော ခံယူချက်ဖြင့် ရှေ့သို့သွားသင့်ပြီ
ဖြစ်ကြောင်း အသွင်သစ်က တိုက်တွန်းနှိုးဆော်လိုက်ပါသည်။
Tuesday, August 28, 2012
ဆန် စပါး အထူးပြုကုမ္ပဏီများ ပေးသူပေး နှေးသူနှေး
ဧရာဝတီတိုင်း မြို့နယ်များတွင် ယခုနှစ် မိုးရာသီအတွက်ဆန် စပါး အထူးပြု ကုမ္ပဏီ (၁၈) ခုက ကျေးရွာ အုပ်စု
(၄၁၀)ရှိ စိုက်ဧက (၁)သိန်း (၇)သောင်းကျော်အတွက်
စက်သုံးဆီ၊ ဓါတ်မြေသြဇာ၊ မျိုးစပါးနှင့် ငွေသား အပါအ၀င်
တန်ဖိုးကျပ်သိန်းပေါင်း (၇)သောင်းခန့် ပံ့ပိုးပေးခဲ့ပြီး၊
ယခင်နှစ်က အထူးပြု ကုမ္ပဏီ (၂၆)ခုတို့က တန်ဖိုး
ကျပ်သိန်းပေါင်း (၁)သိန်းခန့်ပံ့ပိုးပေးခဲ့ကြောင်းသိရှိ
ရပါသည်။ ထို့ကြောင့် တောင်သူများက အထူးပြု ကုမ္ပဏီများ
အနက် ပေးသူပေးနှေးသူနှေး ဖြစ်နေကြပြီး ထပ်မံ ပံ့ပိုးပေးလာမည့် အခြေအနေ
များကို မျှော်လင့်စောင့်စားနေကြောင်းသိရှိရပါသည်။
WTO နှင့် မြန်မာ
၂၀၁၂ခုနှစ်၊သြဂုတ်လအတွင်း ရုရှားနိုင်ငံ၊ WTOအဖွဲ့ဝင်ဖြစ်သွားခဲ့ခြင်းကြောင့် ဗီယက်နမ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံနှင့် အာရှနိုင်ငံ အချို့တို့က ရုရှားနှင့်ကုန်သွယ်မှုလုပ်ငန်းပိုမိုပွင့်လန်းလာမည်ဖြစ်ပြီး ကုန်သွယ်မှုဆိုင်ရာ
အကျိုးအပြစ်များကို သုံးသပ်ချက်များထုတ်ပြန်ခဲ့ကြပါသည်။မြန်မာနိုင်ငံ
သည် WTO အဖွဲ့ဝင် နိုင်ငံဖြစ်ပြီး ရုရှား နှင့်လည်း ဆက်ဆံရေး
ကောင်းမွန်သောနိုင်ငံဖြစ်ရာ ရုရှား - မြန်မာ ကုန်သွယ်မှုအပေါ် အကျိုး
ဖြစ်ထွန်းနိုင်ခြင်း ရှိ/ မရှိနှင့် WTO ကြောင့် မြန်မာနိုင်ငံအနေဖြင့်
မည်သည့် အကျိုးခံစားမှုများ ကုန်သွယ်မှုတွင်ရရှိနေသည်ကို သိလို
ကြကြာင်း ကုန်သည်များ အသိုင်း အ၀ို်င်းတွင် ဆွေးနွေးပြောဆိုနေကြောင်း
သိရှိရပါသည်။
ကားအရောင်းစင်တာမှာ ကားဝယ်ချင်သူတွေ အတွက် သတင်းကောင်း
ပြည်တွင်းကားအရောင်းစင်တာမှာပဲ
စိတ်ကြိုက်ရွေးချယ် ကားဝယ်ချင်တဲ့သူတွေ အတွက် တစ်နေရာထဲမှာ ကားအရောင်း စင်တာတွေရဲ့
လိပ်စာအပြည့် အစုံ ကြည့်ချင်ရင် .. စီးပွားကူးသန်း ၀က်ဆိုက် http://www.commerce.gov.mm/index.php?option=com_content&view=category&layout=blog&id=73&Itemid=394&lang=my ဒီနေရာလေးမှာ ကြည့်ရှု့နိုင်ပါတယ် …
Monday, August 27, 2012
မလေးရှားနိုင်ငံမှ မြန်မာ့ ငါးခြောက်များကို တင်သွင်းခွင့်ပိတ်
မြန်မာကုမ္ပဏီတစ်ခုမှ မလေးရှားနိုင်ငံသို့ တင်ပို့သော
ငါးနီတူခြောက်၊ တီလားဘီးယားခြောက်တို့ကို ထုတ်လုပ်သော
အမည်နှင့်လိပ်စာ၊ ထုတ်လုပ် ရက်စွဲ၊ သက်တမ်းကုန် ရက်စွဲ၊
အမှတ် တံဆိပ် စသည်များ မပါရှိသည့်အပြင် ခဲပါဝင်မှုသည်
မလေးရှားနိုင်ငံ၏ခွင့်ပြုပမာဏ ထက်ကျော်လွန်နေသောကြောင့်
တင်သွင်းခွင့် မပြုခဲ့ကြောင်း သိရှိရသည်။
ငါးနီတူခြောက်၊ တီလားဘီးယားခြောက်တို့ကို ထုတ်လုပ်သော
အမည်နှင့်လိပ်စာ၊ ထုတ်လုပ် ရက်စွဲ၊ သက်တမ်းကုန် ရက်စွဲ၊
အမှတ် တံဆိပ် စသည်များ မပါရှိသည့်အပြင် ခဲပါဝင်မှုသည်
မလေးရှားနိုင်ငံ၏ခွင့်ပြုပမာဏ ထက်ကျော်လွန်နေသောကြောင့်
တင်သွင်းခွင့် မပြုခဲ့ကြောင်း သိရှိရသည်။
နောင်တွင် မြန်မာနိုင်ငံသည် နိုင်ငံတကာနှင့် ပိုမို ကျယ်ပြန့်စွာ ကုန်သွယ်တော့မည်ဖြစ်ရာ
နိုင်ငံတကာ၏ ကုန်သွယ်မှုဆိုင်ရာကန့်သတ်မှုများ လိုအပ်ချက်များကို လေ့လာသိရှိရန်လိုအပ်သည့်အပြင်
မိမိတင်ပို့မည့် နိုင်ငံ၏ သတ်မှတ်ချက်များနှင့် ကိုက်ညီရန်လည်း အရေး ကြီးကြောင်း တွေ့ရှိရပါသည်။ ထို့ကြောင့် အနာဂါတ်တွင် မြန်မာ့ပို့ကုန်များ ဈေးကွက်ထိုးဖောက်နိုင်ရေးအတွက် နိုင်ငံအများစုတွင် ဖွဲ့စည်းထားရှိသော ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့များ ရှိရန်လိုအပ်ကြောင်း ကုန်သည် အသိုင်းအ၀ိုင်းမှ
ပြောကြားလျှက် ရှိကြပါသည်။
ပြောကြားလျှက် ရှိကြပါသည်။
Friday, August 24, 2012
ဧည့်နိုင်ငံသားများ ကား တင်သွင်းခွင့် မရှိဘူးလား?
စီးပွားကူးသန်းဝန်ကြီးဌာနတွင် လိုင်စင်လျှောက်ထားရာ၌ ဧည့်နိုင်ငံသားများကို လျှောက်ထားခွင့် မပြုခြင်းကြောင့် ဧည့်နိုင်ငံသားသည် နိုင်ငံသားကဲ့သို့ အခွင့်အရေး တန်းတူ
မရဟူသော ယူဆချက် ဖြစ်ပေါ်လာပါသည်။
တည်ဆဲဥပဒေများအရ ဧည့်နိုင်ငံသားသည်
နိုင်ငံသားကဲ့သို့ အခွင့်အရေး ရနိုင်သည်ဟူသော အသံ
များလည်း ထွက်ပေါ်လျှက်ရှိရာ အနာဂတ်တွင် ဧည့်နိုင်ငံသားများ ကားတင်သွင်းခွင့် ရ၊ မရ ကားပွဲစားများနှင့် ကား show room ပိုင်ရှင်များကစိတ်ဝင်စားစွာ စောင့်ကြည့်လျှက်ရှိကြောင်း
တွေ့ ရှိရပါသည်။
မရဟူသော ယူဆချက် ဖြစ်ပေါ်လာပါသည်။
တည်ဆဲဥပဒေများအရ ဧည့်နိုင်ငံသားသည်
နိုင်ငံသားကဲ့သို့ အခွင့်အရေး ရနိုင်သည်ဟူသော အသံ
များလည်း ထွက်ပေါ်လျှက်ရှိရာ အနာဂတ်တွင် ဧည့်နိုင်ငံသားများ ကားတင်သွင်းခွင့် ရ၊ မရ ကားပွဲစားများနှင့် ကား show room ပိုင်ရှင်များကစိတ်ဝင်စားစွာ စောင့်ကြည့်လျှက်ရှိကြောင်း
တွေ့ ရှိရပါသည်။
Wednesday, August 22, 2012
(၉)ကြိမ်မြောက် တရုတ် - အာဆီယံ ကုန်စည်ပြပွဲသို့ မြန်မာလုပ်ငန်းရှင်များ စင်းလုံးငှား လေယာဉ် (၂)စီးဖြင့်သွားမည်
စက်တင်ဘာလ အတွင်း တရုတ်နိုင်ငံ ၊ ကွမ်ရှီးပြည်နယ် နန်နင်းမြို့၌ ကျင်းပမည့် (၉)ကြိမ်မြောက် တရုတ် - အာဆီယံ ကုန်စည်ပြပွဲတွင် ယခုနှစ်သည် အာဆီယံ နိုင်ငံများကိုယ်စား ဂုဏ်ထူးဆောင်နိုင်ငံအဖြစ် မြန်မာနိုင်ငံက ပါဝင် ပြသမည် ဖြစ်ခြင်းကြောင့် ပြခန်းများ ခန်းခန်းနားနား ဝေေ၀ဆာဆာ ခင်းကျင်းပြသရန် စီစဉ်ထားကြောင်း သိရှိရပြီး၊ UMFCCI ၏ အစီအစဉ်ဖြင့် စည်းရုံးခဲ့ရာသွားရောက်လိုသူ
မြန်မာ့ စီးပွားရေးလုပ်ငန်းရှင်များနှင့် လေ့လာလိုသူများ အထူးများ
သောကြောင့် တရုတ်နိုင်ငံမှ အထူးလေယာဉ် တစ်စီးနှင့် မြန်မာ့လေကြောင်းမှ အထူးလေယာဉ်
တစ်စီး စုစုပေါင်း လေယာဉ် (၂)စီးကို စင်းလုံးငှားကာ သွားရောက်ကြမည်ဖြစ်ကြောင်း UMFCCI မှ သိရှိရပါသည်။
Subscribe to:
Posts (Atom)




