ယခုတလော ခေတ်မီတိုးတက်လာသည့်
Super Market ကြီးများတွင် ကြက်ဥနှင့်ကြက်သားများ
ပြည်ပမှတင်သွင်းရောင်းချမှုများရှိလာကြောင်းအေးခဲ
ထားသော ကြက်သားမျိုးစုံကိုအလွယ်တကူဝယ်ယူ
နိုင်လာကြောင်းသိရှိရပါသည်။ သို့ရာတွင် လက်ရှိ အခြေအနေတွင် မြန်မာနိုင်ငံ၌ ကြက်ဥနှင့်ကြက်သား
ထုတ်လုပ်မှုမှာ ပြည်တွင်း စားသုံးမှုကို ကျော်လွန်
နေသဖြင့် ပြည်တွင်း ကြက်ဥ ကြက်သားမွေးမြူ
ထုတ်လုပ်သူများ ဆက်လက်ရပ်တည်နိုင်ရေးအတွက် ပြည်ပမှနိုင်ငံခြား ကြက်သား
ကြက်ဥများ တင်သွင်းခြင်းကို ခွင့်မပြုသင့်ကြောင်း ကြက်မွေးမြူရေးဆိုင်ရာ အသေးစား
အလတ်စားဖွံ့ဖြိုးတိုးတက်ရေးအလုပ်ရုံဆွေးနွေးပွဲတွင်ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။
Wednesday, August 29, 2012
Subscribe to:
Post Comments (Atom)
No comments:
Post a Comment