မြန်မာကုမ္ပဏီတစ်ခုမှ မလေးရှားနိုင်ငံသို့ တင်ပို့သော
ငါးနီတူခြောက်၊ တီလားဘီးယားခြောက်တို့ကို ထုတ်လုပ်သော
အမည်နှင့်လိပ်စာ၊ ထုတ်လုပ် ရက်စွဲ၊ သက်တမ်းကုန် ရက်စွဲ၊
အမှတ် တံဆိပ် စသည်များ မပါရှိသည့်အပြင် ခဲပါဝင်မှုသည်
မလေးရှားနိုင်ငံ၏ခွင့်ပြုပမာဏ ထက်ကျော်လွန်နေသောကြောင့်
တင်သွင်းခွင့် မပြုခဲ့ကြောင်း သိရှိရသည်။

နောင်တွင် မြန်မာနိုင်ငံသည် နိုင်ငံတကာနှင့် ပိုမို ကျယ်ပြန့်စွာ ကုန်သွယ်တော့မည်ဖြစ်ရာ
နိုင်ငံတကာ၏ ကုန်သွယ်မှုဆိုင်ရာကန့်သတ်မှုများ လိုအပ်ချက်များကို လေ့လာသိရှိရန်လိုအပ်သည့်အပြင်
မိမိတင်ပို့မည့် နိုင်ငံ၏ သတ်မှတ်ချက်များနှင့် ကိုက်ညီရန်လည်း အရေး ကြီးကြောင်း တွေ့ရှိရပါသည်။ ထို့ကြောင့် အနာဂါတ်တွင် မြန်မာ့ပို့ကုန်များ ဈေးကွက်ထိုးဖောက်နိုင်ရေးအတွက် နိုင်ငံအများစုတွင် ဖွဲ့စည်းထားရှိသော ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့များ ရှိရန်လိုအပ်ကြောင်း ကုန်သည် အသိုင်းအ၀ိုင်းမှ
ပြောကြားလျှက် ရှိကြပါသည်။
ပြောကြားလျှက် ရှိကြပါသည်။
No comments:
Post a Comment