စီးပွားကူးသန်းဝန်ကြီးဌာနတွင် လိုင်စင်လျှောက်ထားရာ၌ ဧည့်နိုင်ငံသားများကို လျှောက်ထားခွင့် မပြုခြင်းကြောင့် ဧည့်နိုင်ငံသားသည် နိုင်ငံသားကဲ့သို့ အခွင့်အရေး တန်းတူ
မရဟူသော ယူဆချက် ဖြစ်ပေါ်လာပါသည်။
တည်ဆဲဥပဒေများအရ ဧည့်နိုင်ငံသားသည်
နိုင်ငံသားကဲ့သို့ အခွင့်အရေး ရနိုင်သည်ဟူသော အသံ
များလည်း ထွက်ပေါ်လျှက်ရှိရာ အနာဂတ်တွင် ဧည့်နိုင်ငံသားများ ကားတင်သွင်းခွင့် ရ၊ မရ ကားပွဲစားများနှင့် ကား show room ပိုင်ရှင်များကစိတ်ဝင်စားစွာ စောင့်ကြည့်လျှက်ရှိကြောင်း
တွေ့ ရှိရပါသည်။
Friday, August 24, 2012
Wednesday, August 22, 2012
(၉)ကြိမ်မြောက် တရုတ် - အာဆီယံ ကုန်စည်ပြပွဲသို့ မြန်မာလုပ်ငန်းရှင်များ စင်းလုံးငှား လေယာဉ် (၂)စီးဖြင့်သွားမည်

အဖြစ် မြန်မာနိုင်ငံက ပါဝင် ပြသမည် ဖြစ်ခြင်းကြောင့် ပြခန်းများ ခန်းခန်းနားနား ဝေေ၀ဆာဆာ ခင်းကျင်းပြသရန် စီစဉ်ထားကြောင်း သိရှိရပြီး၊ UMFCCI ၏ အစီအစဉ်ဖြင့် စည်းရုံးခဲ့ရာသွားရောက်လိုသူ
မြန်မာ့ စီးပွားရေးလုပ်ငန်းရှင်များနှင့် လေ့လာလိုသူများ အထူးများ
သောကြောင့် တရုတ်နိုင်ငံမှ အထူးလေယာဉ် တစ်စီးနှင့် မြန်မာ့လေကြောင်းမှ အထူးလေယာဉ်
တစ်စီး စုစုပေါင်း လေယာဉ် (၂)စီးကို စင်းလုံးငှားကာ သွားရောက်ကြမည်ဖြစ်ကြောင်း UMFCCI မှ သိရှိရပါသည်။
နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးအတွက် ထိန်းညှိပေးမည့် အဖွဲ့အစည်းတစ်ရပ် ဖွဲ့စည်းသင့်
မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးအတွက် လက်ရှိ
ရင်ဆိုင်နေရသော အခက်အခဲများကို ညှိနှိုင်း ဖြေရှင်းရန်နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး ဦးဆောင်မှုပေးရန်။
ဌာနဆိုင်ရာများမှ ဘာသာရပ်နှင့် လုပ်ထုံးလုပ်နည်း ကျွမ်းကျင်
သူများ၊ ပြင်ပမှ ပညာရှင်များ လက်တွေ့စီးပွားရေး ဆောင်ရွက်
နသောလုပ်ငန်းရှင်များ ပါဝင်စုဖွဲ့လျှက်လေ့လာ သုံးသပ်မှုများ
ပြုလုပ်ရန် လိုအပ်နေပြီ ဖြစ်ကြောင်း မြန်မာ့အရေး စိတ်ဝင်
စားသူ ပြည်တွင်း၊ ပြည်ပ အသံများ ပေါ်ထွက်လျှက်ရှိပါသည်။ အထူးသဖြင့်
- ကုန်သွယ်မှု မြှင့်တင်နိုင်ရေးအတွက် ဈေးကွက်ရှာဖွေရေးလုပ်ငန်းများ၊
- မှောင်ခိုတားဆီးရေးကိစ္စရပ်များ
- မြန်မာ့ပို့ကုန်များအပေါ် ပိတ်ပင်တားဆီးထားသော စီးပွားရေးပိတ်ဆို့မှု အပါအ၀င် အဟန့်အတားများ၊ အတားအဆီးများကို ညှိနှိုင်းဆွေးနွေးတောင်းဆိုရန်ကိစ္စရပ်များ၊
- အသေးစား အလတ်စား စက်မှုလုပ်ငန်းများ အမှန်တကယ် ထိရောက်စွာ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များ၊
- ကုန်ဈေးနှုန်းတည်ငြိမ်ရေး ကိစ္စရပ်များ၊
- ကုန်သွယ်မှု လျှင်မြန်ချောမွေစေရေးကိစ္စရပ်များ
ပြုလုပ်ပြီးရရှိလာသောရလာဒ်များကိုတင်ပြလျှက်အမြန်ပြုပြင်ရမည့်လုပ်ငန်းစဉ်များကိုပြုပြင်ခြင်း၊ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအတွက် ကဏ္ဍအလိုက်၊ ဌာနအလိုက် တာဝန်ယူ စီမံဆောင်ရွက်ခြင်းများ ပြုလုပ်ရန် လိုအပ်နေကြောင်း အပြုသဘော ဆွေးနွေးဝေဖန်မှုများ
ပြုလုပ်လျှက်ရှိကြပါသည်။ ထို့ကြောင့် ၄င်းလုပ်ငန်းစဉ်များကို နိုင်ငံတော်အဆင့် ထိန်းညှိပေး
မည့် ဆောင်ရွက်မှုတစ်ရပ် လိုအပ်နေကြောင်း သုံးသပ်ချက်ကို ထပ်ဆင့် ဖော်ပြအပ်ပါသည်။
Tuesday, August 21, 2012
စီးပွားရေးဝေါဟာရ
|
|||
|
ကုန်သွယ်ရေးတွင် အမည်ပျက်စာရင်း သွင်းထားသူများ ပယ်ဖျက်ပြီ
ကုန်သွယ်ရေးဝန်ကြီးဌာနမှ အမည်ပျက်စာရင်း Black List ထည့်သွင်းသတ်မှတ်ထားသည့်
လူပုဂ္ဂိုလ် (၂၁)ဦးအား အမည်ပျက်စာရင်းထည့်သွင်းထားသည်မှာ သတ်မှတ်နှစ် ကာလထက် ကျော်လွန်နေပြီ ဖြစ်သဖြင့် အမည်ပျက်စာရင်းမှ ပယ်ဖျက်လိုက်ကြောင်း သိရှိရသည်။
ကုန်သွယ်ရေး ၀န်ကြီးဌာန၏ အမည်ပျက်စာရင်း သတ်မှတ်ခြင်းမှာ စီးပွားရေးမသမာမှုများ
ဆောင်ရွက်သည့် ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များကို ပြစ်မှုအပေါ်မူတည်၍ (၂)နှစ်မှ (၅)နှစ် အထိ သတ်မှတ်နိုင်ကြောင်း သိရှိရပါသည်။
မြန်မာ့စီးပွားရေးဘဏ်များတွင် လူများတိုးဝှေ့  ငွေစာရင်းဖွင့်လျှက်ရှိ
၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်နေ့တွင် အစိုးရဘဏ်များ၌ တစ်ဦးချင်း မော်တော်ကား တင်သွင်းလိုသူများ ကြိတ်ကြိတ်တိုး စည်ကားလျှက်ရှိကြောင်း၊ ထိုသို့ စည်ကားရခြင်းမှာ
ပြင်ပ၌ ကား ၀ယ် ရောင်း များက ကားပါမစ်များကို သြဂုတ်လ ကုန်အထိသာ ခွင့်ပြုတော့မည်ဟု သတင်းလွှင့်နေခြင်းကြောင့် ကားတင်သွင်းခွင့်လျှောက်ထားရန် လူများအများအပြား
လာရောက်လျှက် ရှိကြောင်း၊ ကားတင်သွင်းခွင့်လျှောက်ထားရာ၌ သန်းခေါင်းစာရင်း လိုအပ်ခြင်းနှင့် ဘဏ်ငွေစာရင်း ဖွင့်လှစ်ရာတွင် လူကိုယ်တိုင် လာပါဆောင်ရွက်ရသည့်အတွက် မသိနားမလည်သူများမှာ သန်းခေါင်စာရင်းတစ်စောင်လျှင် လူ(၂)ဦး၊ (၃)ဦးခန့် လိုက်ပါလာခြင်းတို့ကြောင့် ဤသို့ ကြိတ်ကြိတ်တိုးစည်ကားခြင်းဖြစ်ကြောင်းသိရှိရပါသည်။
စီးပွားကူးသန်းဝန်ကြီးဌာနမှ ကားပါမစ်များကို သြဂုတ်လအထိသာ ခွင့်ပြုမည်ဆိုခြင်းမှာ မဟုတ်ကြောင်း သိရှိရပါသည်။
Sunday, August 19, 2012
ပင်လယ်အကောက်ခွန်ဥပဒေပုဒ်မ (၂၄)အရ အပ်နှင်းထားသော အခွင့်အာဏများကို ကျင့်သုံးလျက် အကောက်ခွန် ကင်းလွတ်ခွင့်ရှိသော ခရီးသည် ကိုယ်သုံးဝန်စည်ပစ္စည်းများအဖြစ် ပြင်ဆင်သတ်မှတ်
မြန်မာနိုင်ငံသားများနှင့် နိုင်ငံခြားသားများအတွက် တရားဝင်ခွင့်ပြုလိုက်သော
ပြည်တွင်းသို့ ယူဆောင်လာနိုင်သည့် ပစ္စည်းစာရင်းများကို ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၁၀ ရက် နေ့စွဲပါ အမိန့်ကြော်ငြာစာ အရ အောက်ပါအတိုင်း ပြင်ဆင်သတ်မှတ်လိုက်သည်
အာရှ ကုန်သွယ်မှု မြှင့်တင်ရေး ဖိုရမ်သို့ မြန်မာနိုင်ငံမှ အဖွဲ့ဝင်နိုင်ငံအဖြစ် ၀င်ရောက်
အာရှ ဒေသရှိ
နိုင်ငံများ၏
ကုန်သွယ်မှု
မြှင့်တင်ရေး လုပ်ငန်းစဉ်များနှင့် ကုန်သွယ်မှုဆိုင်ရာ
လူသားအရင်းအမြစ်
ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ပူးပေါင်းညှိနှိုင်း စီစဉ်
ဆောင်ရွက်ပေးလျှက်ရှိသည့်
အာရှ ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်
Asia Trade
Promotion Forum (ATPF) သို့ အဖွဲ့ဝင်နိုင်ငံအဖြစ်ဝင်ရောက်ရန်
မြန်မာနိုင်ငံက
ဆုံးဖြတ်လိုက်ကြောင်းနှင့် အနာဂတ်တွင်
ပူးပေါင်းဆောင်ရွက်မှုများ
အပြည့်အ၀ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရပါသည်။
အဆိုပါ ဖိုရမ်တွင်
အာရှတိုက်၏
အဓိက စီးပွားရေး
အင်အားကြီးနိုင်ငံများဖြစ်သော
တရုတ် ၊ ဂျပန်၊
ကိုရီးယား၊ အိန္ဒိယ နိုင်ငံများနှင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများ
အပါ အ၀င် အာရှတိုက်မှ
နိုင်ငံများ ပါဝင်ကြောင်း သိရှိရပြီး
ဂျပန်နိုင်ငံ
JETRO အဖွဲ့အစည်းကြီးက ဦးဆောင်လျှက်ရှိကြောင်း
ATPF သို့ ၀င်ရောက်လိုက်ခြင်းဖြင့် မြန်မာနိုင်ငံ၏
အနာဂတ် ကုန်သွယ်မှု လုပ်ငန်းများ အပေါ်
များစွာ အကျိုးရှိစေမည်ဖြစ်ကြောင်း
နိုင်ငံတကာမှ သုံးသပ်ခဲ့ကြပါသည်။
ATPF သို့ ၀င်ရောက်ရေး
မြန်မာနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့်
JETRO တို့
အပြန်အလှန် ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး မြန်မာ နိုင်ငံက ၂၀၁၂ ခုနှစ်၊ သြဂုတ်လတွင်
ဝင်ရောက်ရန်
သဘောတူညီသည်ဟု ပြန်ကြားခဲ့ကြောင်း
ရန်ကုန်
JETRO ရုံးမှ သိရှိရပါသည်။
မှောင်ခို ကုန်သွယ်မှု ပိုမိုကြီးထွားလာ
ယခုအခါ မြ၀တီ နယ်စပ်မှ ရန်ကုန်မြို့သို့
နေ့စဉ် တရားမ၀င် မော်တော်ယာဉ်မျိုးစုံ အစီး (၅၀)ခန့် ၀င်ရောက်နေပြီး၊
လမ်းတစ်လျှောက်ရှိ
ဌာနဆိုင်ရာ များကို ဖြတ်သန်းခ လာဒ်ငွေ ပေး၍
ဝင်ရောက်ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။
လမ်းဂိတ်တစ်ခုတွင်
သက်ဆိုင်ရာ ပြည်နယ်အဆင့် အကြီးအကဲတစ်ဦးကိုယ်တိုင် ထိုင်၍
တရားဝင်လိုင်စင်ဖြင့်
ကုန်ပစ္စည်းတင်ဆောင်လာသော ယာဉ်များကို
အသေးစိတ်စစ်ဆေးကာ သွားလာမှု ကြံ့ကြာအောင် ဟန့်တားလျှက်ရှိပြီး
လိုင်စင် မယူဘဲ
မှောင်ခို ကုန်ပစ္စည်းတင်ဆောင်လာသော ယာဉ်များကို ယာဉ်တစ်စီးလျှင်
ကားကြီး
(၃)သိန်း၊ ကားငယ် (၁)သိန်းခွဲ တောင်းခံ၍ စေလွှတ်ပေးလျှက်ရှိကြောင်း။
အဆိုပါ လမ်းကြောတွင် ပြေးဆွဲလျှက်ရှိသော ယာဉ်များအနေဖြင့်
တရားဝင် လိုင်စင် ရယူထားသော ကုန်ပစ္စည်းများကို
အချိန်ကြံ့ကြာမှုကြောင့်
မတင်လိုကြဘဲ မှောင်ခို ပစ္စည်းများကိုသာ လမ်းခရီးတစ်လျှောက်ဖြတ်သန်းခပေး၍
သယ်ဆောင်လိုကြကြောင်း သိရှိရပါသည်။
သို့ဖြစ်၍ သက်ဆိုင်ရာ ပြည်နယ်၊ တိုင်း ရန်ပုံငွေများအတွက် အကြောင်းပြကာ ဂိတ်ကြေးတောင်းခံလျှက်ရှိသော လုပ်ရပ်များမှာ ဒီမိုကရေစီခေတ်တွင် မရှိတော့သင့်ကြောင်း
၎င်းလမ်းကြောင်းရှိ ယာဉ်မောင်းသူများက ဝေဖန်ပြောကြားကြောင်း
သိရှိရပါသည်။
မြန်မာ - အိန္ဒိယ နယ်စပ်တွင် ဈေးများ ဖွင့်လှစ်ရန် အစီအစဉ်ရှိ
မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံ တို့၏ နယ်စပ် မျဉ်းတလျှောက်တွင် နှစ်နိုင်ငံ နယ်စပ်နေ ပြည်သူ များ၏ လူနေမှုဘ၀ မြင့်မားတိုးတက်စေရေးအတွက်
နယ်စပ်ဈေးများ ဖွင့်လှစ်သွားရန် စီစဉ်လျှက်ရှိကြောင်း သိရှိရပါသည်။
နယ်စပ်ဈေးများကို နယ်စပ်မျဉ်းပေါ်တွင် သင့်တော်သည့်ဒေသများ၌
နေရာသတ်မှတ်ပြီး ၄င်းဒေသရှိ နေထိုင်သူများ၏ ထွက်ကုန်များကို အဆိုပါ နယ်စပ်ဈေးတွင် ရောင်းချခွင့် ပြုမည်ဖြစ်ပြီး ရောင်းချသော ကုန်ပစ္စည်းများအား အခွင့်အခ ပေးဆောင်ရခြင်းမှကင်းလွှတ်ခွင့် ပေးမည်ဖြစ်ကြောင်း နယ်စပ်ဈေးစီမံခန့်ခွဲမှုကော်မတီကို နှစ်နိုင်ငံ
ညှိနှိုင်း၍ ခန့်အပ်ကာ ကြီးကြပ်စေမည်ဖြစ်ကြောင်း သတ်မှတ်ထားသည့် နယ်စပ်ဈေးဧရိယာအတွင်းဈေးရောင်းချခွင့်ကို ညှိနှိုင်းချက်ဖြင့်ခွင့်ပြု
ပေးမည်
ဖြစ်ကြောင်း၊ သက်ဆိုင်ရာ နိုင်ငံမှ အတည်ပြုသည့် သက်သေခံ အထောက်အထား ကိုင်ဆောင်ထားသည့် ပျံကျ ဈေးသည်များနှင့် ၀ယ်ယူသူများသာ နယ်စပ်ဈေးနယ်ပယ် အတွင်းသို့ ၀င်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း၊ နယ်စပ်ဈေးများအတွင်း ပြဿနာ တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက ညှိနှိုင်းပေါင်းစပ်၍ သက်ဆိုင်ရာ နိုင်ငံ၏ ဥပဒေ စည်းမျဉ်းစည်းကမ်းများနှင့် အတူဖြေရှင်းရမည်ဖြစ်ကြောင်း ကုန်ပစ္စည်းများကို အရောင်းအ၀ယ်ပြုလုပ်ရာ၌ နှစ်နိုင်ငံသုံး ငွေကြေး ဖြစ်စေ ကုန်ပစ္စည်း ဖလှယ်သည့် စနစ်ဖြစ်စေ သုံးစွဲ နိုင်ကြောင်း စသည့် အချက်များကို အသေးစိတ် ညှိနှိုင်းဆွေးနွေးရန် ဖြစ်ကြောင်း သိရှိရပါသည်။ယခုကဲ့သို့ နယ်စပ်ဈေးများဖွင့်လှစ်ခြင်းသည်နယ်စပ်ကုန်သွယ်ရေးစခန်းများ ဖွင့်လှစ်ခြင်း
ဖြစ်ကြောင်း၊ သက်ဆိုင်ရာ နိုင်ငံမှ အတည်ပြုသည့် သက်သေခံ အထောက်အထား ကိုင်ဆောင်ထားသည့် ပျံကျ ဈေးသည်များနှင့် ၀ယ်ယူသူများသာ နယ်စပ်ဈေးနယ်ပယ် အတွင်းသို့ ၀င်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း၊ နယ်စပ်ဈေးများအတွင်း ပြဿနာ တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက ညှိနှိုင်းပေါင်းစပ်၍ သက်ဆိုင်ရာ နိုင်ငံ၏ ဥပဒေ စည်းမျဉ်းစည်းကမ်းများနှင့် အတူဖြေရှင်းရမည်ဖြစ်ကြောင်း ကုန်ပစ္စည်းများကို အရောင်းအ၀ယ်ပြုလုပ်ရာ၌ နှစ်နိုင်ငံသုံး ငွေကြေး ဖြစ်စေ ကုန်ပစ္စည်း ဖလှယ်သည့် စနစ်ဖြစ်စေ သုံးစွဲ နိုင်ကြောင်း စသည့် အချက်များကို အသေးစိတ် ညှိနှိုင်းဆွေးနွေးရန် ဖြစ်ကြောင်း သိရှိရပါသည်။ယခုကဲ့သို့ နယ်စပ်ဈေးများဖွင့်လှစ်ခြင်းသည်နယ်စပ်ကုန်သွယ်ရေးစခန်းများ ဖွင့်လှစ်ခြင်း
မဟုတ်သည့်အတွက် ၄င်းနယ်စပ်ဈေးများမှ တဆင့်ကုန်သွယ်မှုပမာဏ တိုးမြှင့်နိုင်ခြင်း မရှိစေကာမူ နယ်စပ်နေ နှစ်နိုင်ငံ ပြည်သူများအတွက် အပြန်အလှန် ကုန်သွယ်မှု အခြေခံကိုမူဖွံ့ဖြိုးတိုးတက်လာစေမည်
ဖြစ်ပါသည်။
Subscribe to:
Posts (Atom)