ကြိုဆိုပါတယ် ..

အသွင်သစ် ဘလော့မှ နွေးထွေးလှိုက်လှဲစွာကြိုဆိုပါတယ် ..... ရွှင်လန်းချမ်းမြေ့ပါစေ ...

Sunday, August 19, 2012

အာရှ ကုန်သွယ်မှု မြှင့်တင်ရေး ဖိုရမ်သို့ မြန်မာနိုင်ငံမှ အဖွဲ့ဝင်နိုင်ငံအဖြစ် ၀င်ရောက်




အာရှ ဒေသရှိ နိုင်ငံများ၏
ကုန်သွယ်မှု မြှင့်တင်ရေး လုပ်ငန်းစဉ်များနှင့် ကုန်သွယ်မှုဆိုင်ရာ
လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ပူးပေါင်းညှိနှိုင်း စီစဉ်
ဆောင်ရွက်ပေးလျှက်ရှိသည့် အာရှ ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်
Asia Trade Promotion Forum (ATPF) သို့ အဖွဲ့ဝင်နိုင်ငံအဖြစ်ဝင်ရောက်ရန်
မြန်မာနိုင်ငံက ဆုံးဖြတ်လိုက်ကြောင်းနှင့် အနာဂတ်တွင်
ပူးပေါင်းဆောင်ရွက်မှုများ အပြည့်အ၀ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရပါသည်။

အဆိုပါ ဖိုရမ်တွင် အာရှတိုက်၏
အဓိက စီးပွားရေး အင်အားကြီးနိုင်ငံများဖြစ်သော
တရုတ် ၊ ဂျပန်၊ ကိုရီးယား၊ အိန္ဒိယ နိုင်ငံများနှင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများ
အပါ အ၀င် အာရှတိုက်မှ နိုင်ငံများ ပါဝင်ကြောင်း သိရှိရပြီး
ဂျပန်နိုင်ငံ JETRO အဖွဲ့အစည်းကြီးက ဦးဆောင်လျှက်ရှိကြောင်း
 ATPF သို့ ၀င်ရောက်လိုက်ခြင်းဖြင့် မြန်မာနိုင်ငံ၏ အနာဂတ် ကုန်သွယ်မှု လုပ်ငန်းများ အပေါ်
များစွာ အကျိုးရှိစေမည်ဖြစ်ကြောင်း နိုင်ငံတကာမှ သုံးသပ်ခဲ့ကြပါသည်။

ATPF သို့ ၀င်ရောက်ရေး မြန်မာနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့်
JETRO တို့ အပြန်အလှန် ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး မြန်မာ နိုင်ငံက ၂၀၁၂ ခုနှစ်၊ သြဂုတ်လတွင်
ဝင်ရောက်ရန် သဘောတူညီသည်ဟု ပြန်ကြားခဲ့ကြောင်း
ရန်ကုန် JETRO ရုံးမှ သိရှိရပါသည်။

No comments:

Post a Comment