ကြိုဆိုပါတယ် ..

အသွင်သစ် ဘလော့မှ နွေးထွေးလှိုက်လှဲစွာကြိုဆိုပါတယ် ..... ရွှင်လန်းချမ်းမြေ့ပါစေ ...

Sunday, August 19, 2012

မှောင်ခို ကုန်သွယ်မှု ပိုမိုကြီးထွားလာ


ယခုအခါ မြ၀တီ နယ်စပ်မှ ရန်ကုန်မြို့သို့
 နေ့စဉ် တရားမ၀င် မော်တော်ယာဉ်မျိုးစုံ အစီး (၅၀)ခန့် ၀င်ရောက်နေပြီး၊ 
လမ်းတစ်လျှောက်ရှိ ဌာနဆိုင်ရာ များကို ဖြတ်သန်းခ လာဒ်ငွေ ပေး၍ 
ဝင်ရောက်ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။ 

လမ်းဂိတ်တစ်ခုတွင် 
သက်ဆိုင်ရာ ပြည်နယ်အဆင့် အကြီးအကဲတစ်ဦးကိုယ်တိုင် ထိုင်၍ 
တရားဝင်လိုင်စင်ဖြင့် ကုန်ပစ္စည်းတင်ဆောင်လာသော ယာဉ်များကို 
အသေးစိတ်စစ်ဆေးကာ သွားလာမှု ကြံ့ကြာအောင် ဟန့်တားလျှက်ရှိပြီး လိုင်စင် မယူဘဲ
 မှောင်ခို ကုန်ပစ္စည်းတင်ဆောင်လာသော ယာဉ်များကို ယာဉ်တစ်စီးလျှင် 
ကားကြီး (၃)သိန်း၊ ကားငယ် (၁)သိန်းခွဲ တောင်းခံ၍ စေလွှတ်ပေးလျှက်ရှိကြောင်း။

အဆိုပါ လမ်းကြောတွင် ပြေးဆွဲလျှက်ရှိသော ယာဉ်များအနေဖြင့် 
တရားဝင် လိုင်စင် ရယူထားသော ကုန်ပစ္စည်းများကို အချိန်ကြံ့ကြာမှုကြောင့် 
မတင်လိုကြဘဲ မှောင်ခို ပစ္စည်းများကိုသာ လမ်းခရီးတစ်လျှောက်ဖြတ်သန်းခပေး၍ သယ်ဆောင်လိုကြကြောင်း သိရှိရပါသည်။ 

သို့ဖြစ်၍ သက်ဆိုင်ရာ ပြည်နယ်၊ တိုင်း ရန်ပုံငွေများအတွက် အကြောင်းပြကာ ဂိတ်ကြေးတောင်းခံလျှက်ရှိသော လုပ်ရပ်များမှာ ဒီမိုကရေစီခေတ်တွင် မရှိတော့သင့်ကြောင်း ၄င်းလမ်းကြောင်းရှိ ယာဉ်မောင်းသူများက ဝေဖန်ပြောကြားကြောင်း
သိရှိရပါသည်။

No comments:

Post a Comment