ကြိုဆိုပါတယ် ..

အသွင်သစ် ဘလော့မှ နွေးထွေးလှိုက်လှဲစွာကြိုဆိုပါတယ် ..... ရွှင်လန်းချမ်းမြေ့ပါစေ ...

Friday, November 2, 2012

မှတ်ပုံမတင်သော မှောင်ခိုဆေးဝါးများ



မြန်မာနိုင်ငံတွင် မှောင်ခိုဆေးများနယ်စပ်ဒေသများမှတစ်ဆင့်အများအပြားဝင်ရောက်နေကြောင်း၎င်းဆေးများမှာ မြန်မာနိုင်ငံတွင်အစားအစာနှင့်ဆေးဝါးစစ်ဆေးရေးဌာနမှစစ်ဆေးပြီးတရားဝင်မှတ်ပုံတင်ထားသော ဆေးဝါးများမဟုတ်ခြင်းကြောင့်စားသုံးသူများကိုလည်းအန္တရာယ်ဖြစ်စေနိုင်ကြောင်း၊ထို့ကြောင့်မှတ်ပုံမတင်သော မှောင်ခိုဆေးများကိစ္စမှာ ပြည်သူလူထု၏ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းစဉ်တွင် ခြိမ်းခြောက်လျက်ရှိသောအချက်တစ်ချက်ဖြစ် ကြောင်း ဆေးကုန်သည်လောကမှ ဝေဖန်ပြောကြားလျက်ရှိပါသည်။ထိုသို့သောမှတ်ပုံမတင်သည့် မှောင်ခိုဆေးများပိုမိုကျယ်ပြန့်သည့်ဈေးကွက် ဖြစ်ပေါ်မလာစေရေးတာဝန်ရှိသည့်ဌာနများပူးပေါင်းဆောင်ရွက်ရန်သင့်ကြောင်း၊၄င်းတို့ကဆန္ဒရှိကြောင်းသိရှိရပါသည်။

အမေရိကန်ငရုတ်ပွများ မြန်မာ့ငရုတ်ပွနေရာကို ယူတော့မှာလား



ယခုအခါရှမ်းပြည်နယ်တောင်ပိုင်းတွင်အမေရိကန်ငရုတ်ပွမျိုးများစိုက်ပျိုးထုတ်လုပ်လျက်ရှိရာ အောင်မြင်စွာ ဖြစ်ထွန်းနေပြီးအမြင်လှခြင်း၊ ဈေးသင့်ခြင်း၊ကြာရှည်ခံခြင်းတို့ကြောင့် ဈေးကွက်တွင်မျက်နှာပန်းလှလျက်ရှိကြောင်းသိရှိရပါသည်။သို့ရာတွင်စိုက်ပျိုးရေးသမားအချို့ကလည်းအမေရိကန်ငရုတ်ပွများသည်မျိုးရိုးဗီဇပြုပြင်ထားသောလယ်ယာထွက်ကုန်အမျိုးအစားများဟုတ်/မဟုတ်  သေချာအောင်စစ်ဆေးသင့်ကြောင်း၊ထိုကဲ့သို့သောထွက်ကုန်ပစ္စည်း ဖြစ်နေပါက မြန်မာနိုင်ငံတွင်မျိုးရိုးဗီဇပြုပြင်ထားသောလယ်ယာထွက်ကုန်များနှင့်ပတ်သက်ပြီးဗဟုသုတနည်းပါးသေးသည့်အတွက် ပြည်သူလူထုစားသုံးရာတွင်အန္တရာယ် ဖြစ်/မဖြစ်ကိုစနစ်တကျထပ်မံလေ့လာသုံးသပ်ရန်သင့်ကြောင်း ဝေဖန်ပြောကြားကြကြောင်းသိရှိရပါသည်။

Thursday, November 1, 2012

တရုတ်နှင့် နယ်စပ်ကုန်သွယ်ရေး ကုန်သွယ်မှုစာရင်းဇယားများ ညှိနှိုင်းတောင်းခံမည်


 ယခုအခါနယ်စပ်ဖြတ်ကျော် မှောင်ခိုကုန်သွယ်မှုများများပြားလာရာထိုင်းနိုင်ငံနှင့်ညှိနှိုင်းချက်အရ မြန်မာထိုင်းတရားမ၀င်ကုန်သွယ်မှုမှာ နှစ်စဉ် ဒေါ်လာသန်းတစ်ထောင်ကျော်ကြောင်း၊ထို့ကြောင့် မှောင်ခိုတားဆီးရေးကိုထိရောက်စွာ ဆောင်ရွက်နိုင်ပါကကုန်သွယ်မှုပမာဏ မြင့်မားလာသည့်အပြင် နိုင်ငံတော်အတွက်ထိုက်သင့်သောအခွန်အခများရရှိလာမည်ဖြစ်ပါသည်။ 
 မြန်မာနိုင်ငံသည်တရုတ်နိုင်ငံနှင့်လည်းနယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုပမာဏအမြောက်အမြား ဆောင်ရွက်လျက်ရှိရာ မြန်မာတရုတ်ကုန်သွယ်မှုစာရင်းဇယားများကိုကိုက်ညှိခြင်းအားဖြင့်တရားမ၀င်မှောင်ခိုကုန်သွယ်မှုပမာဏနှင့်ကုန်ပစ္စည်းအမျိုးအမည်များကိုသိရှိသုံးသပ်နိုင်မည်ဖြစ်ပါသည်။ယခုအခါကုန်သွယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ၊ရန်ကုန်မြို့ရှိတရုတ်သံရုံးတို့၏ညှိနှိုင်းချက်အရကုန်သွယ်မှုစာရင်းဇယားများအပြန်အလှန်သတင်းညှိနှိုင်းဖလှယ်ရန်နှင့် နှစ်နိုင်ငံ အကြားကုန်သွယ်မှုမြှင့်တင်ရေးကိစ္စရပ်များကိုတိုးချဲ့ဆောင်ရွက်သွားရန်ချစ်ကြည်ရင်းနှီးစွာဖြင့်ပူးပေါင်းဆောင်ရွက်သွားရန်ရှိကြောင်းသတင်းရရှိပါသည်။

သစ်အလုံးလိုက်တင်ပို့မှုများ ခွင့်မပြုတော့ကြောင်း ကြားသိရ


မြန်မာနိုင်ငံမှသစ်တောထွက်ကုန်များမှာကုန်ချောအဖြစ်တန်ဖိုးမြှင့်ထုတ်လုပ်တင်ပို့ခြင်းထက်အလုံးလိုက်ကုန်ကြမ်းအဖြစ်သာတင်ပို့ခဲ့ကြောင်း၊ထိုသို့တင်ပို့ခြင်းမှာကုန်ကြမ်းအဖြစ်တင် ပို့ခြင်းမှာအကောက်ခွန်နှုန်းထားများစွာသက်သာခြင်းကြောင့် မြန်မာသစ်တင်ပိုသူများကအလွယ် လမ်းကိုလိုက်ခဲ့ခြင်းဖြစ်ကြောင်း၊သို့ရာတွင်သစ်တောများတဖြည်းဖြည်း ပြုန်းတီးနည်းပါး လာခြင်း၊သစ်အချောထည်ပစ္စည်းများထုတ်လုပ်တင်ပို့ခြင်းက ရေရှည်ရပ်တည်နိုင်ရေးအတွက်ပိုမိုအခွင့်အလမ်းသာစေခြင်းများကြောင့်အနာဂတ်တွင်သစ်များကိုအလုံးလိုက်တင်ပို့ခြင်းအား ခွင့်ပြုတော့မည်မဟုတ်ကြောင်းသစ်တောရေးရာဝန်ကြီးဌာနမှအလုပ်ရုံဆွေးနွေးပွဲတစ်ရပ်တွင်  ဆွးနွေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။သစ်အလုံးလိုက်တင်ပို့ခြင်းကိုအနာဂတ်တွင် ခွင့်မပြုတော့မည့်အခြေအနေနှင့်ပတ်သက်ပြီးကုန်သွယ်ရေးဝန်ကြီးဌာနသို့ဆက်သွယ်မေးမြန်းခဲ့ရာသစ်တောရေးရာဝန်ကြီးဌာန၏မူဝါဒအတိုင်းပို့ကုန်လိုင်စင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း၊ မည်သည့်ခုနှစ်တွင်တင်ပို့ခြင်းကိုရပ်ဆိုင်းမည်ဖြစ်ခြင်းအားတရားဝင်ညှိနှိုင်းဆွေးနွေးခြင်း မရှိသေးကြောင်းသိသည်။                       


တူနာငါးနှင့် ဆော်လမွန်ငါးများ မြန်မာစားသုံးသူများ သဘောတွေ့နေ



ခေတ်မီတိုးတက်လာသော မြန်မာစားသုံးသူများ၏စားသောက်မှုပုံစံသစ်အရတူနာငါးနှင့် ဆော်လမွန်ငါးများမှာ ဈေးကွက်တွင်ဝယ်ယူစားသုံးသူများပြားလာကြောင်းသိရှိရပါသည်။ ဈေးနှုန်းသင့်လျော်မှုရှိသည့်အပြင်ကျန်းမာရေးနှင့်ညီညွတ်ခြင်းကြောင့်၎င်းငါးများကိုစားသုံးသူများပြားလာသည့်အတွက် ပြည်ပမှဝယ်ယူတင်သွင်းလာကြောင်းသိရှိရပါသည်။ထိုသို့တင်သွင်းရာတွင်လိုအပ်သောကျန်းမာရေးဆိုင်ရာထောက်ခံချက်များနှင့်ပြည့်စုံရန်လိုအပ်ကြောင်း၊သို့မှသာစားသုံးသူများအတွက် ဘေးအန္တရာယ်ကင်းရှင်းမည်ဖြစ်ကြောင်း၊ထို့ကြောင့်ကျန်းမာရေးနှင့်ညီညွတ်ပြီးစားသုံးရန်သင့်လျော်သည့် ထောက်ခံချက်များပါရှိမှသာတင်သွင်းခွင့်ပြုသင့်ကြောင်း ဝေဖန်ပြောကြားမှုများရှိနေသည်ဟုသိရှိရပါသည်။

Wednesday, October 3, 2012

ကုန်သွယ်မှုတက်အောင်ဘယ်လိုလုပ်မလဲ ?


          











            ယခုကာလများ ကမ္ဘာ့နိုင်ငံအများစုတွင် စီးပွားရေးကျဆင်းနေသည်
အလားတူ မြန်မာနိုင်ငံတွင်လည်း ကုန်သွယ်မှု ပမာဏ လျော့ကျလာကြောင်း
ပြောဆိုသံများကြားနေရသည် ဘာကြောင့်ဖြစ်ရသည်ကို  လေ့လာဖော်ထုတ်
ရန်လိုသည်။
            မြန်မာ့ ပို့ကုန်များ   ဈေးကွက်ပျောက်သွားလို့လား ? 
            ပုံမှန်ထုတ်လုပ်   တင်ပို့ နိုင်ပါလျက်  ပေါက်ဈေး  နည်းပါးသွားခြင်း
ကြောင့်လား   ရာသီဥတု ဖောက်ပြန်မှု   အခြားအကြောင်း အရာများကြောင့်
ယခင်နှစ်လောက် မထွက်တော့တာလား?
            သေချာတာကတော့ အရောင်းအ၀ယ်ပါး ၀ယ်လိုအားနည်း ပြည်သူ
အများစု စီးပွားရေး  မချောင်လည်တာကတော့ လက်တွေ့အမှန်ဖြစ်သည်။
            စီးပွားရေးကောင်းမှ   ကုန်သွယ်ရေးကောင်းမှ   ၀င်ငွေ   တိုးပွားပြီး
ပြည်သူအများ  အဆင်ပြေချောမွေ့မည်ဖြစ်သည်။  ထို့ကြောင့်  ကုန်သွယ်မှု
တက်အောင် လုပ်ရန် မည်သူ့တွင် တာဝန်ရှိသလဲ ?
            အားလုံးနှင့်ဆိုင်သည်   အဓိက  တာဝန်အရှိဆုံးမှာ  ကုန်သွယ်မှုကို
ထိန်းကျောင်းပေးနေသောအစိုးရဌာနများနှင့်ပုဂ္ဂလိက ကဏ္ဍကိုထိန်းကျောင်း
ပေးနေသော ကုန်သည်ကြီး အသင်းတို့ဖြစ်သည်။ဤပု စ္ဆာအတွက် အဖြေမှန်
ရရှိရန် အထူးအရေးကြီးသည် အားလုံး၏ သဘောထားများကို အသွင်သစ်က
ဖိတ်ခေါ်လိုက်ပါသည်။ အပြုသဘောဖြင့် အကြံပေးစေလိုပါသည်။