ကြိုဆိုပါတယ် ..

အသွင်သစ် ဘလော့မှ နွေးထွေးလှိုက်လှဲစွာကြိုဆိုပါတယ် ..... ရွှင်လန်းချမ်းမြေ့ပါစေ ...

Thursday, November 1, 2012

တူနာငါးနှင့် ဆော်လမွန်ငါးများ မြန်မာစားသုံးသူများ သဘောတွေ့နေ



ခေတ်မီတိုးတက်လာသော မြန်မာစားသုံးသူများ၏စားသောက်မှုပုံစံသစ်အရတူနာငါးနှင့် ဆော်လမွန်ငါးများမှာ ဈေးကွက်တွင်ဝယ်ယူစားသုံးသူများပြားလာကြောင်းသိရှိရပါသည်။ ဈေးနှုန်းသင့်လျော်မှုရှိသည့်အပြင်ကျန်းမာရေးနှင့်ညီညွတ်ခြင်းကြောင့်၎င်းငါးများကိုစားသုံးသူများပြားလာသည့်အတွက် ပြည်ပမှဝယ်ယူတင်သွင်းလာကြောင်းသိရှိရပါသည်။ထိုသို့တင်သွင်းရာတွင်လိုအပ်သောကျန်းမာရေးဆိုင်ရာထောက်ခံချက်များနှင့်ပြည့်စုံရန်လိုအပ်ကြောင်း၊သို့မှသာစားသုံးသူများအတွက် ဘေးအန္တရာယ်ကင်းရှင်းမည်ဖြစ်ကြောင်း၊ထို့ကြောင့်ကျန်းမာရေးနှင့်ညီညွတ်ပြီးစားသုံးရန်သင့်လျော်သည့် ထောက်ခံချက်များပါရှိမှသာတင်သွင်းခွင့်ပြုသင့်ကြောင်း ဝေဖန်ပြောကြားမှုများရှိနေသည်ဟုသိရှိရပါသည်။

No comments:

Post a Comment