ကြိုဆိုပါတယ် ..

အသွင်သစ် ဘလော့မှ နွေးထွေးလှိုက်လှဲစွာကြိုဆိုပါတယ် ..... ရွှင်လန်းချမ်းမြေ့ပါစေ ...

Tuesday, August 28, 2012

ဆန် စပါး အထူးပြုကုမ္ပဏီများ ပေးသူပေး နှေးသူနှေး

ဧရာဝတီတိုင်း မြို့နယ်များတွင် ယခုနှစ် မိုးရာသီအတွက်
ဆန် စပါး အထူးပြု ကုမ္ပဏီ (၁၈) ခုက ကျေးရွာ အုပ်စု
(၄၁၀)ရှိ စိုက်ဧက (၁)သိန်း (၇)သောင်းကျော်အတွက်
စက်သုံးဆီ၊ ဓါတ်မြေသြဇာ၊ မျိုးစပါးနှင့် ငွေသား အပါအ၀င်
တန်ဖိုးကျပ်သိန်းပေါင်း (၇)သောင်းခန့် ပံ့ပိုးပေးခဲ့ပြီး၊
ယခင်နှစ်က အထူးပြု ကုမ္ပဏီ (၂၆)ခုတို့က တန်ဖိုး
ကျပ်သိန်းပေါင်း (၁)သိန်းခန့်ပံ့ပိုးပေးခဲ့ကြောင်းသိရှိ
ရပါသည်။ ထို့ကြောင့် တောင်သူများက အထူးပြု ကုမ္ပဏီများ
အနက် ပေးသူပေးနှေးသူနှေး ဖြစ်နေကြပြီး ထပ်မံ ပံ့ပိုးပေးလာမည့် အခြေအနေ
များကို မျှော်လင့်စောင့်စားနေကြောင်းသိရှိရပါသည်။

WTO နှင့် မြန်မာ


၂၀၁၂ခုနှစ်၊သြဂုတ်လအတွင်း ရုရှားနိုင်ငံ၊ WTOအဖွဲ့ဝင်ဖြစ်သွားခဲ့ခြင်း
ကြောင့် ဗီယက်နမ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံနှင့် အာရှနိုင်ငံ အချို့တို့က ရုရှားနှင့်ကုန်သွယ်မှုလုပ်ငန်းပိုမိုပွင့်လန်းလာမည်ဖြစ်ပြီး ကုန်သွယ်မှုဆိုင်ရာ
အကျိုးအပြစ်များကို သုံးသပ်ချက်များထုတ်ပြန်ခဲ့ကြပါသည်။မြန်မာနိုင်ငံ
သည်   WTO   အဖွဲ့ဝင်  နိုင်ငံဖြစ်ပြီး  ရုရှား  နှင့်လည်း   ဆက်ဆံရေး
ကောင်းမွန်သောနိုင်ငံဖြစ်ရာ ရုရှား - မြန်မာ ကုန်သွယ်မှုအပေါ် အကျိုး
ဖြစ်ထွန်းနိုင်ခြင်း ရှိ/ မရှိနှင့်  WTO  ကြောင့်  မြန်မာနိုင်ငံအနေဖြင့်  
မည်သည့်   အကျိုးခံစားမှုများ ကုန်သွယ်မှုတွင်ရရှိနေသည်ကို  သိလို
ကြကြာင်း  ကုန်သည်များ အသိုင်း အ၀ို်င်းတွင် ဆွေးနွေးပြောဆိုနေကြောင်း 
သိရှိရပါသည်။

ကားအရောင်းစင်တာမှာ ကားဝယ်ချင်သူတွေ အတွက် သတင်းကောင်း

ပြည်တွင်းကားအရောင်းစင်တာမှာပဲ စိတ်ကြိုက်ရွေးချယ် ကားဝယ်ချင်တဲ့သူတွေ အတွက် တစ်နေရာထဲမှာ ကားအရောင်း စင်တာတွေရဲ့ လိပ်စာအပြည့် အစုံ ကြည့်ချင်ရင် .. စီးပွားကူးသန်း ၀က်ဆိုက် http://www.commerce.gov.mm/index.php?option=com_content&view=category&layout=blog&id=73&Itemid=394&lang=my  ဒီနေရာလေးမှာ ကြည့်ရှု့နိုင်ပါတယ် …

Monday, August 27, 2012

မလေးရှားနိုင်ငံမှ မြန်မာ့ ငါးခြောက်များကို တင်သွင်းခွင့်ပိတ်

         မြန်မာကုမ္ပဏီတစ်ခုမှ   မလေးရှားနိုင်ငံသို့ တင်ပို့သော 
ငါးနီတူခြောက်၊  တီလားဘီးယားခြောက်တို့ကို ထုတ်လုပ်သော 
အမည်နှင့်လိပ်စာ၊   ထုတ်လုပ်  ရက်စွဲ၊   သက်တမ်းကုန် ရက်စွဲ၊ 
အမှတ် တံဆိပ် စသည်များ  မပါရှိသည့်အပြင်  ခဲပါဝင်မှုသည်  
မလေးရှားနိုင်ငံ၏ခွင့်ပြုပမာဏ ထက်ကျော်လွန်နေသောကြောင့် 
တင်သွင်းခွင့် မပြုခဲ့ကြောင်း သိရှိရသည်။
         
             နောင်တွင်   မြန်မာနိုင်ငံသည်  နိုင်ငံတကာနှင့်   ပိုမို ကျယ်ပြန့်စွာ ကုန်သွယ်တော့မည်ဖြစ်ရာ
နိုင်ငံတကာ၏ ကုန်သွယ်မှုဆိုင်ရာကန့်သတ်မှုများ လိုအပ်ချက်များကို လေ့လာသိရှိရန်လိုအပ်သည့်အပြင်
မိမိတင်ပို့မည့် နိုင်ငံ၏ သတ်မှတ်ချက်များနှင့် ကိုက်ညီရန်လည်း အရေး ကြီးကြောင်း တွေ့ရှိရပါသည်။  ထို့ကြောင့်  အနာဂါတ်တွင်  မြန်မာ့ပို့ကုန်များ ဈေးကွက်ထိုးဖောက်နိုင်ရေးအတွက် နိုင်ငံအများစုတွင် ဖွဲ့စည်းထားရှိသော   ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့များ  ရှိရန်လိုအပ်ကြောင်း   ကုန်သည်  အသိုင်းအ၀ိုင်းမှ
ပြောကြားလျှက် ရှိကြပါသည်။

Friday, August 24, 2012

ဧည့်နိုင်ငံသားများ ကား တင်သွင်းခွင့် မရှိဘူးလား?

စီးပွားကူးသန်းဝန်ကြီးဌာနတွင် လိုင်စင်လျှောက်ထားရာ၌ ဧည့်နိုင်ငံသားများကို လျှောက်ထားခွင့် မပြုခြင်းကြောင့် ဧည့်နိုင်ငံသားသည် နိုင်ငံသားကဲ့သို့ အခွင့်အရေး တန်းတူ 
မရဟူသော ယူဆချက် ဖြစ်ပေါ်လာပါသည်။ 
တည်ဆဲဥပဒေများအရ ဧည့်နိုင်ငံသားသည်
နိုင်ငံသားကဲ့သို့ အခွင့်အရေး ရနိုင်သည်ဟူသော အသံ
များလည်း ထွက်ပေါ်လျှက်ရှိရာ အနာဂတ်တွင် ဧည့်နိုင်ငံသားများ ကားတင်သွင်းခွင့် ရ၊ မရ ကားပွဲစားများနှင့် ကား show room ပိုင်ရှင်များကစိတ်ဝင်စားစွာ စောင့်ကြည့်လျှက်ရှိကြောင်း
တွေ့ ရှိရပါသည်။

Wednesday, August 22, 2012

(၉)ကြိမ်မြောက် တရုတ် - အာဆီယံ ကုန်စည်ပြပွဲသို့ မြန်မာလုပ်ငန်းရှင်များ စင်းလုံးငှား လေယာဉ် (၂)စီးဖြင့်သွားမည်

စက်တင်ဘာလ အတွင်း တရုတ်နိုင်ငံ ၊ ကွမ်ရှီးပြည်နယ် နန်နင်းမြို့၌ ကျင်းပမည့် (၉)ကြိမ်မြောက် တရုတ် - အာဆီယံ ကုန်စည်ပြပွဲတွင် ယခုနှစ်သည် အာဆီယံ နိုင်ငံများကိုယ်စား ဂုဏ်ထူးဆောင်နိုင်ငံ
အဖြစ် မြန်မာနိုင်ငံက ပါဝင် ပြသမည် ဖြစ်ခြင်းကြောင့်  ပြခန်းများ  ခန်းခန်းနားနား ဝေေ၀ဆာဆာ ခင်းကျင်းပြသရန် စီစဉ်ထားကြောင်း သိရှိရပြီး၊ UMFCCI ၏ အစီအစဉ်ဖြင့် စည်းရုံးခဲ့ရာသွားရောက်လိုသူ
 မြန်မာ့ စီးပွားရေးလုပ်ငန်းရှင်များနှင့် လေ့လာလိုသူများ အထူးများ
သောကြောင့်    တရုတ်နိုင်ငံမှ  အထူးလေယာဉ်   တစ်စီးနှင့်  မြန်မာ့လေကြောင်းမှ  အထူးလေယာဉ်
တစ်စီး စုစုပေါင်း လေယာဉ် (၂)စီးကို စင်းလုံးငှားကာ သွားရောက်ကြမည်ဖြစ်ကြောင်း UMFCCI မှ သိရှိရပါသည်။

နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးအတွက် ထိန်းညှိပေးမည့် အဖွဲ့အစည်းတစ်ရပ် ဖွဲ့စည်းသင့်


မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးအတွက် လက်ရှိ
ရင်ဆိုင်နေရသော အခက်အခဲများကို ညှိနှိုင်း ဖြေရှင်းရန်နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး ဦးဆောင်မှုပေးရန်။ 
ဌာနဆိုင်ရာများမှ  ဘာသာရပ်နှင့် လုပ်ထုံးလုပ်နည်း ကျွမ်းကျင်
သူများ၊ ပြင်ပမှ ပညာရှင်များ လက်တွေ့စီးပွားရေး ဆောင်ရွက်
နသောလုပ်ငန်းရှင်များ ပါဝင်စုဖွဲ့လျှက်လေ့လာ  သုံးသပ်မှုများ
ပြုလုပ်ရန်  လိုအပ်နေပြီ  ဖြစ်ကြောင်း  မြန်မာ့အရေး  စိတ်ဝင်
စားသူ ပြည်တွင်း၊ ပြည်ပ အသံများ ပေါ်ထွက်လျှက်ရှိပါသည်။ အထူးသဖြင့်
  • ကုန်သွယ်မှု မြှင့်တင်နိုင်ရေးအတွက် ဈေးကွက်ရှာဖွေရေးလုပ်ငန်းများ၊
  • မှောင်ခိုတားဆီးရေးကိစ္စရပ်များ
  • မြန်မာ့ပို့ကုန်များအပေါ် ပိတ်ပင်တားဆီးထားသော စီးပွားရေးပိတ်ဆို့မှု အပါအ၀င် အဟန့်အတားများ၊ အတားအဆီးများကို ညှိနှိုင်းဆွေးနွေးတောင်းဆိုရန်ကိစ္စရပ်များ၊ 
  • အသေးစား အလတ်စား စက်မှုလုပ်ငန်းများ အမှန်တကယ် ထိရောက်စွာ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များ၊ 
  • ကုန်ဈေးနှုန်းတည်ငြိမ်ရေး ကိစ္စရပ်များ၊ 
  • ကုန်သွယ်မှု လျှင်မြန်ချောမွေစေရေးကိစ္စရပ်များ 
        တို့ကို ကိစ္စရပ်တစ်ခုခြင်းအလိုက် စဉ်ဆက်မပြတ် လေ့လာသုံးသပ်ဆွေးနွေးမှုများ စုပေါင်း
ပြုလုပ်ပြီးရရှိလာသောရလာဒ်များကိုတင်ပြလျှက်အမြန်ပြုပြင်ရမည့်လုပ်ငန်းစဉ်များကိုပြုပြင်ခြင်း၊ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအတွက် ကဏ္ဍအလိုက်၊  ဌာနအလိုက်  တာဝန်ယူ စီမံဆောင်ရွက်ခြင်းများ   ပြုလုပ်ရန်   လိုအပ်နေကြောင်း  အပြုသဘော  ဆွေးနွေးဝေဖန်မှုများ
ပြုလုပ်လျှက်ရှိကြပါသည်။  ထို့ကြောင့်  ၄င်းလုပ်ငန်းစဉ်များကို  နိုင်ငံတော်အဆင့် ထိန်းညှိပေး
မည့် ဆောင်ရွက်မှုတစ်ရပ် လိုအပ်နေကြောင်း သုံးသပ်ချက်ကို ထပ်ဆင့် ဖော်ပြအပ်ပါသည်။

Tuesday, August 21, 2012

စီးပွားရေးဝေါဟာရ

  • Description: စီးပွားရေးဝေါဟာရများသည် သီးသန့်ဝေါဟာရများဖြစ်၍ အချို့သော စီးပွားရေးဝေါဟာရများကို သာမန် အင်္ဂလိပ်အဘိဓာန်တို့တွင် ရှာဖွေတွေ့ရှိမည် မဟုတ်ပေ။ စီးပွားရေးအဘိဓာန်များတွင်သာ အဓိပ္ပာယ်ပြည့်ပြည့်စုံစုံနှင့် တိတိကျကျ သိရှိကြရမည်ဖြစ်သည်။ ယခုစီးပွားရေးအဘိဓာန်တွင် ဘောဂဗေဒ၊ စီမံခန့်ခွဲရေး၊ စာရင်းကိုင်၊ စာရင်းအင်း၊ ကူးသန်းရောင်းဝယ်ရေး၊ ဘဏ်လုပ်ငန်း၊ ငွေရေးကြေးရေးဆိုင်ရာ ဥပဒေဝေါဟာရအပါအ၀င် လက်တွေ့စီးပွားရေးလုပ်ငန်းနယ်ပယ်နှင့် ဆက်နွယ်နေသော ဝေါဟာရများကို အင်္ဂလိပ်မြန်မာအဘိဓာန်ပုံစံဖြင့် ပြုစုထားသည်ကို တွေ့ရှိကြရမည်ဖြစ်သည်။

ကုန်သွယ်ရေးတွင် အမည်ပျက်စာရင်း သွင်းထားသူများ ပယ်ဖျက်ပြီ

ကုန်သွယ်ရေးဝန်ကြီးဌာနမှ အမည်ပျက်စာရင်း Black List ထည့်သွင်းသတ်မှတ်ထားသည့် 
လူပုဂ္ဂိုလ် (၂၁)ဦးအား အမည်ပျက်စာရင်းထည့်သွင်းထားသည်မှာ သတ်မှတ်နှစ် ကာလထက် ကျော်လွန်နေပြီ ဖြစ်သဖြင့် အမည်ပျက်စာရင်းမှ ပယ်ဖျက်လိုက်ကြောင်း သိရှိရသည်။
ကုန်သွယ်ရေး ၀န်ကြီးဌာန၏ အမည်ပျက်စာရင်း သတ်မှတ်ခြင်းမှာ စီးပွားရေးမသမာမှုများ
ဆောင်ရွက်သည့် ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များကို ပြစ်မှုအပေါ်မူတည်၍ (၂)နှစ်မှ (၅)နှစ် အထိ သတ်မှတ်နိုင်ကြောင်း သိရှိရပါသည်။

မြန်မာ့စီးပွားရေးဘဏ်များတွင် လူများတိုးဝှေ့  ငွေစာရင်းဖွင့်လျှက်ရှိ



၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်နေ့တွင် အစိုးရဘဏ်များ၌ တစ်ဦးချင်း မော်တော်ကား တင်သွင်းလိုသူများ ကြိတ်ကြိတ်တိုး စည်ကားလျှက်ရှိကြောင်း၊ ထိုသို့ စည်ကားရခြင်းမှာ
 ပြင်ပ၌ ကား ၀ယ် ရောင်း များက ကားပါမစ်များကို သြဂုတ်လ ကုန်အထိသာ ခွင့်ပြုတော့မည်ဟု သတင်းလွှင့်နေခြင်းကြောင့် ကားတင်သွင်းခွင့်လျှောက်ထားရန် လူများအများအပြား
လာရောက်လျှက် ရှိကြောင်း၊ ကားတင်သွင်းခွင့်လျှောက်ထားရာ၌ သန်းခေါင်းစာရင်း လိုအပ်ခြင်းနှင့် ဘဏ်ငွေစာရင်း ဖွင့်လှစ်ရာတွင် လူကိုယ်တိုင် လာပါဆောင်ရွက်ရသည့်အတွက် မသိနားမလည်သူများမှာ သန်းခေါင်စာရင်းတစ်စောင်လျှင် လူ(၂)ဦး၊ (၃)ဦးခန့် လိုက်ပါလာခြင်းတို့ကြောင့် ဤသို့ ကြိတ်ကြိတ်တိုးစည်ကားခြင်းဖြစ်ကြောင်းသိရှိရပါသည်။
စီးပွားကူးသန်းဝန်ကြီးဌာနမှ ကားပါမစ်များကို သြဂုတ်လအထိသာ ခွင့်ပြုမည်ဆိုခြင်းမှာ မဟုတ်ကြောင်း သိရှိရပါသည်။