ကြိုဆိုပါတယ် ..

အသွင်သစ် ဘလော့မှ နွေးထွေးလှိုက်လှဲစွာကြိုဆိုပါတယ် ..... ရွှင်လန်းချမ်းမြေ့ပါစေ ...

Thursday, August 30, 2012

စားသုံးသူအကျိုးကာကွယ်ရေး တိုင်ကြားလျှင် ရ ၊ မရ

စားသုံးသူအကျိုးကာကွယ်ရေး ကိစ္စရပ်များမှာ အရေးကြီးကြောင်း ပြည်သူလူထုအကြား
ကျယ်ပြန့်စွာ ပြောဆို လျှက်ရှိပါသည်။
အရည်အသွေး မပြည့်ဝသော စားသုံးဆီများ၊
ဆေးဝါးများ၊ စားသောက်ဖွယ်ရာများကြောင့် ကျန်းမာရေးကို များစွာ ထိခိုက်စေကြောင်း အဆင့်မမှီသော စက်မှုထွက်ကုန်ပစ္စည်း
များကြောင့် ၀ယ်ယူသုံးစွဲရမှု မှန်ကန်မှု မရှိကြောင်း၊ ပြောဆိုလျှက်ရှိပါသည်။ ၄င်းကိစ္စရပ်များကို သက်ဆိုင်သည့်
ဝန်ကြီးဌာနများက ၀ိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်ပေးလျှက်ရှိသော်လည်း
စားသုံးသူ ပြည်သူလူထုက ၀ယ်ယူသုံးစွဲရသည့် ကုန်ပစ္စည်းအပေါ် တစ်စုံတစ်ရာ
ကျေနပ်မှုမရှိပါက မည်သည့် ဌာနသို့ တိုင်ကြားရမည်ကို မသိဖြစ်လျှက်ရှိကြပါသည်။
အချို့က စားသောက်ကုန်များအတွက် ကျန်းမာရေးဝန်ကြီးဌာန၊ စက်မှုကုန်ပစ္စည်း
များအတွက် စက်မှုဝန်ကြီးဌာန စသည်ဖြင့် ပြောကြားနေကြသော်လည်း
တိကျသော ထုတ်ပြန်ကြေညာမှု မရှိခြင်း၊ တာဝန်ယူဖြေရှင်းပေးမည့် ဌာနကိုမသိ
ရှိခြင်းတို့ကြောင့် အခက်အခဲဖြစ်လျှက်ရှိကြောင်း သိရှိရပါသည်။ ထပ်မံသိရှိ
ရသော သတင်းများအရ စားသုံးသူအကျိုးကာကွယ်ရေးဥပဒေကို ကုန်သွယ်ရေး
ဝန်ကြီးဌာနမှ ရေးဆွဲလျှက်ရှိပြီး၊ တိုင်ကြားလိုသူများ ကုန်သွယ်ရေးညွှန်ကြားမှု
ဦးစီးဌာနသို့ ဆက်သွယ်နိုင်ကြောင်း၊ ၄င်းတို့၏ Website
http://www.commerce.gov.mm တွင် တွေ့ရှိရပါသဖြင့်
သတင်းမျှဝေ လိုက်ပါသည်။

No comments:

Post a Comment